Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စမ်းချောင်းမြို့နယ် ကျွန်းလယ်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်

မဟာမိတ်အဖွဲ့သားများ ပစ်မှတ်မြို့နယ်မှ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင် ခဲ့ကြောင်းလည်း အသိပေးထားသည်။

(စစ်ကောင်စီတပ်သားအချို့ စမ်းချောင်းမြို့နယ်အတွင်း လက်နက်ပြ ခြိမ်းခြောက်ဆဲဆိုနေစဥ် ၊ ဓာတ်ပုံ - CJ။ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီတပ်သားအချို့ စမ်းချောင်းမြို့နယ်အတွင်း လက်နက်ပြ ခြိမ်းခြောက်ဆဲဆိုနေစဥ် ၊ ဓာတ်ပုံ - CJ။ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကျွန်းလယ် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Emerald Girls Army (EGA)က ယနေ့(သြဂုတ် ၁၃)ထုတ်ပြန်သည်။

ယနေ့နံနက် ၄နာရီ ၅၁မိနစ်ခန့်က စမ်းချောင်း ဖျာပုံလမ်း၊ ကျွန်းလယ် အုပ်ချုပ်ရေးမှူးရုံးကို နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA)နှင့် Emerald Girls Army (EGA) မဟာမိတ်အဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် သွားရောက်ဖောက်ခွဲ ဖျတ်ဆီးခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေအား စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြသည်။

မဟာမိတ်အဖွဲ့သားများ ပစ်မှတ်မြို့နယ်မှ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင် ခဲ့ကြောင်းလည်း အသိပေးထားသည်။

“ရုံးရှေ့ပဲမှာပဲ အလူမီနီယံမှန်တံခါးမှာကိုချိတ်ပြီး ခွဲခဲ့တာပါ။ မိုးအရမ်းသည်း နေတော့ (ရုံးနား) ကပ်နိုင်ခဲ့တယ် ခြေလုံလုံနဲ့ပေါ့။ ပေါက်ကွဲသံကတော့ အတော်ကျယ်ပေမဲ့ ကြက်တွန်ပီးရုံ အချိန် မိုးကလည်း အရမ်းသည်းနေတာကိုး။ သိလိုက်သူနည်းမယ်ထင်တယ်”ဟု Emerald Girls Army(EGA)မှ ရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်လက်အောက်ခံမှန်သမျှ စစ်ရေးပစ်မှတ်ဟုမှတ်ယူသည့်အပြင် စမ်းချောင်းမြို့နယ်သည် စစ်ကောင်စီ၏ ဖိနှိပ်မှုအခံရဆုံးမြို့နယ်များထဲမှ တစ်ခုဖြစ်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲဘော်က အသိပေးသည်။

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအဖွဲ့များ နှင့် ၎င်းတို့တပ်စွဲ အခြေချထားသည့်နေရာများကို အတက်နိုင်ဆုံး ရှောင်ရှားသွားလာကြခြင်းဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါ၀င်ပေးကြရန် မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နောက်နောင်တွင်လည်း ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံသော စစ်ကောင်စီထောက်တိုင် အုပ် ချုပ်ရေးရုံးများနှင့် အလိုတော်ရိများ၏ အသက်ကို အာမခံနိုင်မည်မဟုတ်ကြောင်း YFAက သတိပေးထားသည်။

သတင်း

ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း အလျင်အမြန်နှုတ်ထွက်ကြရန်လည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA)က ပြင်းထန်စွာ သတိပေးထားသည်။

သတင်း

စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။

သတင်း

မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက "ကြားရတဲ့အသံက တော်တော်ကျယ်တယ် ညတုန်းက။(င)ရပ်ကွက်ရုံးက ခဏခဏ တိုက်ခိုက်ခံရတယ်။ သူကလမ်းမပေါ်တင်ပါ ရုံးက။ သံဇကာတွေ ကာထားတာ။ ဘန်ကာတွေလည်း ရှိပါတယ်"ဟု ပြောသည်။