Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်မြို့နယ် နှစ်ရက်တာစစ်ကြောင်းလှန်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ဦး ထက်မနည်းသေဟုဆို

နှစ်ရက်တာ တိုက်ပွဲ၌ MDF နှင့် တန့်ဆည် PDF တပ်ရင်း ၆ တို့မှ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

(Myanmar Defense Force မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(Myanmar Defense Force မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း နှစ်ရက်တာစစ်ကြောင်းလှန်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်းသေဆုံးကြောင်း Myanmar Defense Force က ယနေ့(သြဂုတ် ၁၃ ရက်) ထုတ်ပြန် သည်။

သြဂုတ် ၈ ရက်ကစ၍ စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးစီးဖြင့် တပ်သား ၁၀၀ခန့်ကို ရွာငယ်ရွာတွင် စစ်အင်အားချပေးပြီးနောက် တောဂျင် ကျေးရွာ၊ရွာမုံတောင်ကျေးရွာမှတစ်ဆင့် ဝိုင်းကြိုး ကျေးရွာသို့ ခြေလျင်စစ်ကြောင်းထိုးခဲ့ သည်ဟု ဆိုသည်။

MDF
MDF

ထို့နောက် ရွာမုံတောင်ကျေးရွာမှ နေအိမ် ၈လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး သြဂုတ် ၉ ရက်နေ့တွင် ကျေးရွာအတွင်း ထွက်လာစဥ် တန့်ဆည် PDF တပ်ရင်း(၆) က စီးကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း အသိပေးသည်။

အလားတူ သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ဝိုင်းကျေးရွာအနီး စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ကို MDF ၏ တပ်ရင်း (၂၆)နှင့်တန့်ဆည် PDF တပ်ရင်း(၆) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

(Myanmar Defense Force မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(Myanmar Defense Force မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

မိနစ် ၄၀ ကြာ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦးနှင့်အထက် သေဆုံး၍ အများအပြား ဒဏ်ရာရရှိသည်ဟု Myanmar Defense Forceက အတည်ပြုသည်။

နှစ်ရက်တာ တိုက်ပွဲ၌ MDF နှင့် တန့်ဆည် PDF တပ်ရင်း ၆ တို့မှ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဆီတင်ဂျီဟာ မွန်တီနီဂရိုးရဲ့ အရင် ဘုရင်အုပ်စိုးစဉ် ခေတ်တုန်းက တော်ဝင်မြို့တော် ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြို့တော်သစ် ပေါ့ဒ်ဂိုရီကာနဲ့ ၂၂ မိုင်လောက်အကွာ တောင်ကြားဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။

သတင်း

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် ၃၀,၀၀၀ ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။

သတင်း

ရခိုင်ဒေသတွင် စစ်ရေးတင်းမာနေ၍ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

သတင်း

ဝမ်းတွင်းဘက်မှ စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကား၃စီးထွက်လာပြီး မိုင်းဆွဲခံရသည့်နေရာအား စစ်ဆေးခဲ့ကြောင်း၊ လူနာတင်ကားများလည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။