Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်နှင့် မန္တလေးတို့တွင် မြို့ပြစစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေသော FLA ပြောက်ကျားတပ်ဒုတာဝန်ခံ စစ်ကြောရေးတွင် ကျဆုံး

ရဲ​ဘော်စွန်ရဲ(ခ)ရဲဘော်ကောင်လေး ကျဆုံးချိန်တွင် ၎င်း၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ခုနစ်လဖြင့် ကျန်ရစ်ခဲ့ကြောင်း FLA ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

(Freeland Attack Force - FLA ပြောက်ကျားတပ်မှ ဒုတာဝန်ခံ ရဲဘော်စွန်ရဲ (ခ) ရဲဘော်ကောင်လေးအား တွေ့ရစဥ်)
(Freeland Attack Force - FLA ပြောက်ကျားတပ်မှ ဒုတာဝန်ခံ ရဲဘော်စွန်ရဲ (ခ) ရဲဘော်ကောင်လေးအား တွေ့ရစဥ်)

ဇနီးသည်တွင် ကိုယ်ဝန်ခုနစ်လဖြင့် ကျန်ရစ်

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မြို့ပြစစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်လျှက် ရှိသော Freeland Attack Force – FLA ပြောက်ကျားတပ်မှ ဒုတာဝန်ခံ ရဲဘော်စွန်ရဲ(ခ)ရဲဘော်ကောင်လေး စစ်ကောင်စီစစ်ကြောရေးတွင် မြင့်မြတ်စွာ ကျဆုံးသွားကြောင်း FLA က အသိပေးထုတ်ပြန်သည်။

FLA ဒုတာဝန်ခံ ရဲဘော်စွန်ရဲအပါအဝင်တပ်ဖွဲ့ဝင်ခုနစ်ဦးသည် စစ်ရေးတိုက်ခိုက် မှုနစ်ခုအတွက် ပြင်ဆင်နေစဥ် ဇူလိုင် ၄ရက်တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အဆက်သွယ် ပြတ်သွားတာ ကြာပြီ။ ပြန်ရချိန်မှာ သူသင်တန်းပေးတဲ့ တပ်မဟာဘက်ကနေ ကျဆုံးကြောင်းအတည်ပြုပေးခဲ့ပါတယ်။ တော်တော် လေးကို တော်တဲ့သူဗျာ။ အရမ်းရဲလွန်းလို့ ထပ်ခါထပ်ခါ သတိပေးနေတဲ့ကြားက ဖြစ်သွားတာပဲ”ဟု FLA ပြောက်ကျားတပ်မှ တာဝန်ခံဖြစ်သူ ကိုနေမျိုးနွယ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်ညနေ ၅ နာရီခွဲခန့်က မန္တလေးမြို့ တံတားဦးမြို့နယ်မှ မြို့သာဘက် ထွက်လာသော စစ်ကောင်စီတပ်ယာဥ်နှစ်စီးကို တံတားဦးနှင့် မြို့သာအစပ်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့သည့် စစ်ရေးတိုက်ခိုက်မှု (mission)ကို ရဲဘော်စွန်ရဲမှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအပြီး သုံးရက်မြောက် တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုနေမျိုးနွယ်က အတည်ပြုသည်။

ရဲဘော်စွန်ရဲနှင့်အတူ ဖမ်းဆီးခံခဲ့ရသော တော်လှန်ရေးရဲဘော်ခြောက်ဦးကို စစ်ကောင်စီက တံတားဦးမြို့နယ်တရားရုံး၌ ရုံးထုတ်လျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“FLA ကို ကွပ်ကဲတာ ကျနော်ပါ။ ကျနော်သူ့ကိုတိုက် ရိုက်တာ၀န်ပေးတာပါ။ သူက ဒုတာ၀န်ခံလေ ဒါပေမဲ့ သူမဖော်သွားဘူး။ သူပဲ ကွဲကဲဦးစီးတယ်ဆိုပြီး အစားခံသွားတယ်”ဟု ကိုနေမျိုးနွယ်က ဆိုသည်။

ရဲဘော်စွန်ရဲအား ဖမ်းမိချိန်တွင် စစ်ကောင်စီတပ်က စစ်ကြောရေးသို့ပို့ဆောင် စစ်ရေးခဲ့ရာ လူမဆန်စွာညှင်းပမ်းနှိပ်စက်မှုများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပြီး ကုသမှုခံယူရန် စစ်ဆေးရုံသို့ပို့စဥ် ဇူလိုင် ၅ ရက် နံနက် ၁၀နာရီ (အဖမ်းခံရပြီးနောက်နေ့မနက်)ခန့်တွင် ကျဆုံးသွားပြီဟု သိရကြောင်း FLA ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စစ်ကြောရေး၌ ကျဆုံးခဲ့ရသော ရဲဘော်စွန်ရဲသည် FLA ၏ ဒုတာဝန်ခံတစ်ဦး ဖြစ်သကဲ့သို့ မြန်မာ့လွတ်လပ်ရေးတပ်ဖွဲ့(MIU)တပ်ဖွဲ့တွင် တပ်စုမှူး၊ စစ်သင်တန်းနည်းပြ၊ လက်နက်ထုတ်လုပ်ရေးအဖွဲ့ဝင်၊ မိုင်းနည်းပြ၊ ဖောက်ခွဲ တိုက်ခိုက်ရေးတာဝန်ခံ စသည့်တာဝန်များကို ထမ်းဆောင်နေ သော တော်လှန်ရေးရဲဘော်တစ်ဦးလည်း ဖြစ်သည်။

ရဲ​ဘော်စွန်ရဲ(ခ)ရဲဘော်ကောင်လေး ကျဆုံးချိန်တွင် ၎င်း၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ခုနစ်လဖြင့် ကျန်ရစ်ခဲ့ကြောင်း FLA ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

FLA အနေဖြင့် ရဲဘော်စွန်ရဲ့၏ ကိုယ်ဝန်သည်ဇနီးဖြစ်သူအပါအဝင် ဖမ်းဆီးခံ ထားရသော ရဲဘော်များအား ဆက်လက်တာဝန်ယူ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ရဲဘော်စွန်ရဲ၏ မိတ်ဆွေများအပါအဝင် မိသားစုဝင်များအား ဝမ်းနည်းစွာအသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ ဩဂုတ် ၁၂ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်၏ ရိက္ခာပို့ရန် မြင်းများ သယ်ဆောင်လာသည့် ကားကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

သတင်း

ဝမ်းတွင်းဘက်မှ စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကား၃စီးထွက်လာပြီး မိုင်းဆွဲခံရသည့်နေရာအား စစ်ဆေးခဲ့ကြောင်း၊ လူနာတင်ကားများလည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ကိုယ့်မှာရှိတာကို မသိထားလေ ကိုယ့်ဘက်က အသာစီးရဖို့အတွက် တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းများလေလို့ ယူဆတယ်” ဟု ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားခြောက်ဦး ပွဲချင်းပြီး တုံးလုံးပက်လက်ဖြစ်နေကြောင်း ကိုယ်တိုင်ဖောက်ခွဲခဲ့သော ရဲဘော်များက အတည်ပြုပြောဆိုခဲ့သည်ဟု ဆိုသည်။