Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗကသများအဖွဲ့ဝင် ကိုသက်တင်အောင်၊ ကိုမြတ်သူနှင့် ကိုနောင်ထက်အောင်တို့ မတရားထောင်ဒဏ်များ ချမှတ်ခံရ

ထောင်ဒဏ်ချမှတ်ခံရသူများထဲမှ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်းကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ တရားစီရင်​ရေးကို သပိတ်မှောက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒပြနေသူ ဖြစ်သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

မုံရွာနှင့် ရန်ကင်းကျောင်းသားသမဂ္ဂမှ ကိုသုတစိုးနှင့် ကိုထွန်းခိုင်တို့ ထောင်ထပ်မံ ပြောင်းရွှေ့ခံရ

အကြမ်းဖက် စစ်အုပ်စုသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဗဟိုအမှုဆောင်အဖွဲ့ဝင် ဝိဇ္ဇာသိပ္ပံ အတွင်းရေးမှူး ကိုသက်တင်အောင်ကို ထောင်ဒဏ်(၆)နှစ်၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ခေါင်းဆောင် ကိုမြတ်သူကို ထောင်ဒဏ်(၃)နှစ်၊ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား များ သမဂ္ဂဥက္ကဌ ဟောင်း ကိုနောင်ထက်အောင်နှင့် BEGSC မှ ဆရာနိုင်းသီဟကျော်ကို ထောင်ဒဏ်(၃) နှစ်စီ မတရား အသီးသီးချမှတ်လိုက်ကြောင်း ဗကသများ အဖွဲ့ချုပ်က ယနေ့ (သြဂုတ် ၁၃) ထုတ်ပြန်သည်။

ကိုသက်တင်အောင်ကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က တောင်ငူထောင်တွင်း တရားရုံးမှ ထောင်ဒဏ်(၆)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ကိုမြတ်သူကို ပြီးခဲ့သည့် သြဂုတ် ၄ ရက်က အိုးဘိုအကျဥ်းထောင်တွင်း တရားရုံးမှ ၅၀၅(က)ဖြင့် ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ – ABFSU

အလားတူ ကိုနောင်ထက်အောင်နှင့် ဆရာနိုင်းသီဟကျော်တို့ကို ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်က အိုးဘိုထောင်တွင်းတရားရုံးမှ ရုံးထုတ်ခြင်းမပြုဘဲ မျက်ကွယ်ပြစ်ဒဏ် ထောင်ဒဏ်(၃)နှစ်စီ ချမှတ်လိုက်​ကြောင်း ဗကသများ အဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသူများထဲမှ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်းကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ တရားစီရင်​ရေးကို သပိတ်မှောက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒပြနေသူ ဖြစ်သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ – ABFSU

ထို့ကြောင့် ကိုနောင်ထက်အောင်ကို အကျဥ်းထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ရာ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်းကိုလည်း ယမန်နေ့တွင် ဗကသများအဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

ထို့​အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရသော မုံရွာပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ကိုထွန်းခိုင်ကို မုံရွာထောင်မှ မြင်းခြံအကျဥ်း ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားများသမဂ္ဂမှ ကိုသုတစိုးကိုလည်း ကျိုက်မရောထောင်မှ သာယာဝတီထောင်သို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

ကိုသုတစိုးသည် အင်းစိန်ထောင်မှ ကျိုက်မရောအကျဥ်းထောင်သို့ ပြောင်းရွှေ့ခံ ခဲ့ရပြီး ယခုတွင်မူ ကျိုက်မရောထောင်မှ သာယာဝတီအကျဥ်းထောင်သို့ ထပ်မံပြောင်းရွှေ့ခံရခြင်းလည်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုနောင်ထက်အောင်ကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်ချလိုက်တာပါ။

သတင်း

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) ဟာ ထောင်ဒဏ် ၇ နှစ်အထိ ချလို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

သတင်း

တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုကျော်ထက်အောင် ၊ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသူဟောင်း မမိုးမဉ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ကိုစိုင်းမင်းခန့်ကျော် တို့ကို စစ်ကောင်စီကထောင်ချလိုက်တာပါ။

သတင်း

အကြမ်းဖက်စစ်ကောင်စီက ပြောကြားနေသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးရေးဆိုသည်မှာ တိုက်မလား၊ လိုက်မလား ဟု စိန်ခေါ်ခြင်းသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်ဟုလည်း PNFCက ထုတ်ပြန်ခဲ့သည်။