Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းနယ်မှ စစ်ကောင်စီအားထောက်ပံ့နေသော Golden Hill(Bar & KTV)ကို တိုက်ခိုက်

ယနေ့နံနက် ၁၀ နာရီခွဲခန့်က သပိတ်ကျင်းနယ် ကြက်ရိုးပင်ကျေးရွာရှိ ခွေးစာထောက်ပံ့ပေးနေ သော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ သည်ဟု ဖော်ပြသည်။

သပိတ်ကျင်းနယ်မှ စစ်ကောင်စီအားထောက်ပံ့နေသော Golden Hill(Bar & KTV)ကို တိုက်ခိုက်
သပိတ်ကျင်းနယ်မှ စစ်ကောင်စီအားထောက်ပံ့နေသော Golden Hill(Bar & KTV)ကို တိုက်ခိုက်

▪️တိုက်ခိုက်မှုဖြစ်သည့်နေရာသို့လာသော စစ်ကားကို ထပ်မံမိုင်းဆွဲ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီအား ငွေကြေးထောက်ပံ့ကာ ဖွင့်လှစ်ထားသော Golden Hill(Bar & KTV)ကို သတိပေးတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ယနေ့(သြဂုတ် ၁၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က သပိတ်ကျင်းနယ် ကြက်ရိုးပင်ကျေးရွာရှိ ခွေးစာထောက်ပံ့ပေးနေ သော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ သည်ဟု ဖော်ပြသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၀မိနှစ်ခန့်အကြာတွင် ဇရပ်ကွင်းကျေးရွာဘက်မှ စစ်ဆေးရန် ထွက်လာသော စစ်ကားနှစ်စီးအား ဆင်မွှေးကျေးရွာနှင့် လိပ်ကျကျေးရွာကြားတွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ခိုက်မှုတွင် Golden Hill(Bar & KTV)မှ ဝန်ထမ်းများအား ဘေးလွတ်ရာခေါ်ထုတ်ပြီးမှ ဆိုင်အဆောက်အအုံအား (၄၀) မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

“ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ခွေးအသေအပျောက်စာရင်းအား ထပ်မံ၍ဖော်ပြပေးသွားပါမည်”ဟု အသိပေးသည်။

အကြိမ်ကြိမ်သတိပေးစာထုတ်၍ တားမြစ်ထားသည့်ကြားမှ တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များကို ဂရုမစိုက်ဘဲ စစ်ကောင်စီတပ်ဗျူဟာမှူး၊ မြို့နယ်ရဲမှူးများကို အပီအပြင် ပေါင်းသင်းဧည့်ခံ၍ အများပြည်သူများ ခက်ခဲကြပ်တည်းနေ့သည့်အချိန်တွင် KTV ဖွင့်၍ စစ်ကောင်စီထံ ငွေကြေးထောက်ပံ့နေသော Golden Hill (Bar & KTV)အား လက်တွေ့ကျကျ သင်ခန်းစာပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နောက်နောင်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအား ထောက်ပံ့နေသော ကုမ္ပဏီများ၊ KTV များ၊ စစ်တပ်ထုတ်မြန်စာစည်ဘီယာရောင်းချနေသော ဆိုင်များ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေကြသူများအား ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဆက်လက်၍ သင်ခန်းစာပေးတိုက်ခိုက်သွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

သတင်း

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။

သတင်း

ဒုတပ်ကြပ်ကျော်နိုင်စိုး အပါအဝင် ရှေ့တန်းရောက်စစ်သည်များ စစ်ကောင်စီ တပ်မှ ရုန်းထွက်ပြီး KNU ထံ ခိုလှုံလာမှုများစွာရှိခဲ့ပြီး KNU အနေဖြင့်လည်း လာရောက်သူများကို ကောင်းမွန်စွာ ကြိုဆိုလျက်ရှိသည်။