Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်သာတွင် စစ်ကောင်စီခန့်ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရ၊ ရာအိမ်မှူးဖြစ်သူသေဆုံး

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ရွှေပြည်သာတွင် စစ်ကောင်စီခန့်ရာအိမ်မှူး လင်မယား ပတ်ခတ်ခံရ၊ ရာအိမ်မှူးဖြစ်သူသေဆုံး
ရွှေပြည်သာတွင် စစ်ကောင်စီခန့်ရာအိမ်မှူး လင်မယား ပတ်ခတ်ခံရ၊ ရာအိမ်မှူးဖြစ်သူသေဆုံး

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးလင်းမယား ပစ်ခတ်ခံရပြီး ရာအိမ်မှူးဖြစ်သူ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်နေရာမှာ အမှတ် (၈)ရပ် ကွက်၊ တပင်ရွှေထီးလမ်း၊ ဇောတိကပန်းခြံအနီး အ.မ.က (၁၉)ကျောင်းရှေ့တွင် ပစ်ခံရခြင်းဖြစ်ပြီး ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးမှာ နေရာတင်သေဆုံးပြီး ၎င်း၏အမျိုး သားအား လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်အချို့တွင် ဖော်ပြသည်။

အထက်ပါ သေနတ်ဖြင့်ပစ်ခံရသော ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးသည် ရပ်ကွက်အတွင်း ဧည်းစာရင်းစစ်ရာတွင် လိုက်ပါခြင်း၊ ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးမတရားတောင်းခံခြင်း၊ ရပ်ကွက်နေပြည်သူများအပေါ် အော်ဟစ်ပြောဆိုမှုများဖြင့် နာမည်ကျော်ဇောသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့နံနက် ၁၀ နာရီခွဲခန့်က သပိတ်ကျင်းနယ် ကြက်ရိုးပင်ကျေးရွာရှိ ခွေးစာထောက်ပံ့ပေးနေ သော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ သည်ဟု ဖော်ပြသည်။

သတင်း

ဒုတပ်ကြပ်ကျော်နိုင်စိုး အပါအဝင် ရှေ့တန်းရောက်စစ်သည်များ စစ်ကောင်စီ တပ်မှ ရုန်းထွက်ပြီး KNU ထံ ခိုလှုံလာမှုများစွာရှိခဲ့ပြီး KNU အနေဖြင့်လည်း လာရောက်သူများကို ကောင်းမွန်စွာ ကြိုဆိုလျက်ရှိသည်။