Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဥ်းထောင်မှ ပြန်လွတ်လာ

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြီးခဲ့သည့် ရွေးကောက်ခံ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်က တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်အတွင်း သုံးနှစ်ကျော်နေထိုင်ပြီးနောက် ယခုပြန်လည်လွတ် မြောက်လားခြင်း ဖြစ်သည်။

(ဦးနေမျိုးဇင်အား ဖမ်းဆီးတရားစွဲဆို ရုံးထုတ်စဉ်က ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ဦးနေမျိုးဇင်အား ဖမ်းဆီးတရားစွဲဆို ရုံးထုတ်စဉ်က ပုံအဟောင်းကို အသုံးပြုထားပါသည်)

ပုဒ်မ ၅၀၅(က)ဖြင့် မတရားဖမ်းဆီးထောင်ချခံထားရသော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(သြဂုတ် ၁၃)တွင် အသိပေးဖော်ပြသည်။

“သုံးနှစ်၊ သုံးလ၊ သုံးပတ်အကြာတွင် ကျွန်တော် ပြန်လာခဲ့ပါပြီ။ ကျေးဇူးပြုပြီးကျွန်တော့်ကို နားလည်ပေးကြပါ။ အားလုံးအတွက် ကျေးဇူးတင်ပါတယ်”ဟု အဓိပ္ပါယ်ရသောစာသားကို အဂ်လိပ်လိုရေးသား၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြီးခဲ့သည့် ရွေးကောက်ခံ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်က တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်အတွင်း သုံးနှစ်ကျော်နေထိုင်ပြီးနောက် ယခုပြန်လည်လွတ် မြောက်လားခြင်း ဖြစ်သည်။

၎င်းသည် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် နှုတ်ထွက်ခဲ့ပြီးနောက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး စစ်တပ်အပေါ် ဝေဖန်ဟောပြော၊ ရေးသားမှုများကြောင့် မကြာဏခ တရားစွဲဆိုခံရခြင်း၊ သတိပေးခံရခြင်းများ ​ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင်လည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် (၁၀)ချမှတ်ခံရဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာဒေသခံများထံမှ သိရသည်။

News

သေဆုံးသူ၏ ဓာတ်ပုံနှင့်ဒဏ်ရာရသူငါးဦးအနက် နှစ်ဦး၏ ဓာတ်ပုံကို သတင်းရင်းမြစ်တစ်ဦးက ပေးပို့၍ People's Spring ရရှိခဲ့သည်။ ငါးဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရရှိထားသည့် ဒဏ်ရာများဟုဆိုသည်။

News

စစ်ကောင်စီက ဖမ်းဆီးထားပြီး မုံရွာထောင်တွင် ချုပ်နှောင်ခံထားရသူအချို့က ယနေ့(ဧပြီ ၃ရက်) ည​နေ ၅နာရီခန့်ကစတင်ကာ ဆန္ဒထုတ်ဖော်နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

ဗီဒီယို

ထွက်လာတဲ့ကားတွေပေါ်မှာတော့ အခုသတင်းထွက်နေတဲ့ အနုပညာရှင်တွေပါလာတာမတွေ့ရသေးသလို ကားပေါ်က လွတ်မြောက်လာသူအချို့ကတော့ ၅၀၅ (က) တွေ မပါဘူးလို့ ပြောသွားတာလည်းရှိပါတယ်။