Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေသဖြင့်ရပ်နားရန်စီစဥ်​သောလုပ်ငန်းပိုများလား

“နိုင်ငံခြားက ဒေါ်လာနဲ့ သွင်းရတဲ့ ကွန်ပျူတာတို့ ၊လျှပ်စစ်ပစ္စည်းတွေကို ခဏအရောင်းရပ်ထားရတယ်၊ ဒေါ်လာဈေးမငြိမ်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ဓါတ်ပုံ-GNLOM)
(​ကျပ်​ငွေတန်ဖိုး စံချိန်တင်ကျဆင်ူကာငွေတန်ဖိုးမငြိမ်သဖြင့် စီးပွား​ရေးလုပ်ငန်းများလည်ပတ်ရန် အခက်​တွေ့​နေကြသည်။ ဓါတ်ပုံ-GNLOM)

●ယ​နေ့ဒေါ်လာ​ဈေး ၂၉၃၀ကျပ်မှ ၃၁၀၀ ကျပ်အတွင်း​ပေါက်ပြီး ရွှေ​ဈေး ၂၈ သိန်းခွဲ​ကျော်

ဒေါ်လာတန်ဖိုးစံချိန်တင်တက်​နေပြီး ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​ကာ ​ငွေ​တန်ဖိုးက​မောက်ကမဖြစ်​နေသဖြင့် ရပ်ဆိုင်းရန်စီစဥ်​နေ​သောသောလုပ်ငန်းများပိုများလာသည်ဟုစီးပွားရေးလုပ်ငန်းရှင်များက​ပြောသည်။

ပြည်တွင်း​ငွေ​ကြေးဈေးကွက်တွင် ယ​နေ့( သြဂုတ် ၁၃)ကတစ်ဒေါ်လာလျှင် ၂၉၃၀ ကျပ် မှ ကျပ် ၃၁၀၀ ကျပ်အထိစံချိန်ထပ်တင်လာသဖြင့် ​ဒေါ်လာဖြင့်ချိတ်ဆက်ရောင်းဝယ်ရသည့်လုပ်ငန်းများလည်း ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ယ​နေ့​ရွှေ​ဈေးမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ပြင်ပဈေးကွက်၌ ကျပ်၂၈ သိန်းခွဲအထိဈေးတက်လာသည်။

“နိုင်ငံခြားက ဒေါ်လာနဲ့ သွင်းရတဲ့ ကွန်ပျူတာတို့ ၊လျှပ်စစ်ပစ္စည်းတွေကို ခဏအရောင်းရပ်ထားရတယ်၊ ဒေါ်လာဈေးမငြိမ်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိ နိုင်ငံခြားမှ တင်သွင်းရသည့် စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်ရောင်းချနိုင်​တော့သည်ဟု အခြားလုပ်ငန်းရှင်များကလည်း​ပြောသည်။

စစ်အုပ်စု အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု ​လျော့ကျခြင်း၊ ​ဒေါ်လာတန်ဖိုးကိုစစ်တပ်ကထိန်းချုပ်ရန် ကြိုးစားရာမှအ​ခြေအ​နေပိုဆိုးကာ က​မောက်ကမဖြစ်ခြင်း၊မီးပျက်ပြီး စက်သုံးဆီ​ဈေးနှုန်းများကြီးမားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊လာဘ်​ပေးလာတ်ယူပြသာနာကြီးမားလာခြင်း ၊စစ်​ကောင်စီ၏ တလွဲစီမံမှုများ​ကြောင့် နိုင်ငံစီးပွား​ရေးအလျင်အမြန် ယိုယွင်း​လာခြင်းစသည့်ပြသာနာတို့​ကြောင့် လုပ်ငန်းများမလည်ပါတ်နိုင်၍ စာရင်းရှင်းဖြတ်သိမ်းခြင်း ၊ ​ကုမ္ပဏီဖိက်သိမ်းခြင်း၊လူမွဲစာရင်းခံယူမှုယခုလပိုင်းအတွင်းပိုများလာ​သောအ​ခြေအ​နေတွင် ကျပ်​ငွေတန်ဖိုး စံချိန်တင်​ဖောင်းပွ​နေပြီး က​မောက်ကမဖြစ်လာ​သဖြင့် လုပ်ငန်းများရပ်ဆိုင်းရန် စီစဥ်​နေ​သော လုပ်ငန်းများပိုများလာခြင်းဖြစ်သည်။

“ဝယ်လိုအား၊ ရောင်းလိုအား၊ ကျပ်ငွေတန်ဖိုးနဲ့ နိုင်ငံရေးအခြေအနေကို မကြည့်ဘဲ ဒေါ်လာဈေးတက်အောင်လုပ်နေတယ်လို့ သူတို့(စစ်ကောင်စီ)ဘက်က ထင်နေတယ်။ အမှန်က သူတို့ ကျပ်ငွေတွေကို မတရားလှိမ့်ရိုက်ထုတ်နေလို့ အခုလိုဖြစ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

​​ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်​ငွေစံချိန်တင်​ဖောင်းပွ​နေသဖြင့်ပြည်ပပို့ကုန် ပဲမျိုးစုံ​ဈေးများတက်​နေ​သော်လည်း ​ရောင်းပြီး ​ကျပ်ငွေကိုင်ထားလျှင် တန်ဖိုးဆက်ကျ​နေသဖြင့်အရှုံး​ပေါ်နိုင်သလို ၊ ​ရွှေ၊​ဒေါ်လာ၊​မြေ​ဈေးများမှာလည်းတက်​နေ၍ ဝယ်ယူရန် မရဲဘဲ ဘာလုပ်ရမည်မသိ​ကြောင်း ပဲအ​ရောင်းအဝယ်လုပ်​နေသူတစ်ဦးကလည်း​ပြောသည်။

“အခုကဘာလုပ်ရမှန်းကိုမသိ​တော့ဘူး။​ရှေ့ဘာဖြစ်မယ်မှန်းလည်း ဘယ်သူမှမသိ​တော့ဘူး” ဟု ပဲအ​ရောင်းအဝယ်လုပ်ကိုင်​နေသူတစ်ဦးကလည်း ငြီးညူသည်။

စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း ဆီခွဲတမ်းမရ​တော့ဘဲ ဆီရှားပါး​နေချိန်တွင် စစ်​ကောင်စီက ​ဒေါ်လာကိုရသ​လောက်သိမ်းပြီး စက်သုံးဆီတင်သွင်းသူများကို​ရောင်းမ​ပေး​တော့သဖြင့် ​ဒေါ်လာကို ကိုယ့်အစီအစဥ်ဖြင့်ဝယ်ယူလျှင်လည်း ​မနက်နှင့် ည​ဈေးပါ ခန့်မှန်းမရ​အောင်တက်​နေသဖြင့်၊ စစ်​ကောင်စီက စက်သုံးဆီ​ရောင်း​ရ​ငွေကို လီတာအလိုက်အခွန်​​ကောက်ရန်ပြင်ဆင်​နေ​သော​ကြောင့် အရှုံးခံ၍ ဆီမ​ရောင်းနိုင်သဖြင့် ​ရောင်းချမှုကို ​ခေတ္တရပ်ထား​ကြောင်း ​​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ)ဟူသောအကြောင်းပြချက်ဖြင့် ကျပ်ငွေ ဘီလီယံ ၄၀၀ကို ထပ်မံရိုက်နှိပ်၍ စစ်​ကောင်စီဝန်ကြီးဌာနများနှင့် တိုင်း၊ပြည်နယ်များမှ စစ်​ကောင်စီဌာနများကို ​​​ပေးအပ်ပြီးဈေးကွက်အတွင်းဖြန့်ချီရန်ဆိုကာကျပ်ငွေဘီလီယံ ၃၃၀ကို သြဂုတ် ၁၂ ရက်တွင်လွှဲ​ပြောင်းပေးအပ်​ကြောင်း သတင်းထုတ်ပြန်သည်။ စံချိန်တင်ကျပ်​ငွေတန်ဖိုး​ဖောင်းပွ​နေချိန်တွင်စစ်​ကောင်စီကဘီလီယံရာနှင့်ချီ ထပ်မံရိုက်နှိပ်မှုအ​ပေါ် ပြည်သူများ အံအားသင့်ခဲ့ရပြီးထိုသတင်း​ကြောင့် ယ​​နေ့ကျပ်​ငွေတန်ဖိုးကျဆင်းမှု ပိုမြန်ခဲ့သည်။

ဒေါ်လာနှင့်ရွှေ​ဈေးမှာစံချိန်တင်တက်​နေ​သော်လည်းဝယ်လိုအားများ​နေ​ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများနှင့် ရွှေလုပ်ငန်းရှင်များကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သြဂုတ် ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်း​ကျော်( ၂,၆၂၀,၀၀၀)အထိဆက်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၂၇၉၀ကျပ်မှ ၂၈၅၀ကျပ်အထိရှိနေသည်ဟု ဈေးကွက်အတွင်းမှာ သိရသည်။

သတင်း

ရွှေဈေးကိုစစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက တစ်ကျပ်သားကို ၂,၀၈၆,၀၀၀ ကျပ်ဈေးဖွင့်ထားသော်လည်း ပြည်ပပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်း​ကျော်လာခြင်းဖြစ်သည်။

သတင်း

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ရေကူးကန်၊ အားကစားခန်းမနဲ့ အိပ်ခန်းပေါင်းများစွာပါဝင်တဲ့ အဲဒီနေအိမ်ကို ဂျက်ဖရီးစတားက အစောပိုင်းမှာ ဒေါ်လာ သန်း ၂၀ နဲ့ရောင်းချဖို့ စျေးခေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် သူစတင်ဝယ်ယူခဲ့ ချိန်က ဒေါ်လာ ၁၄.၆ သန်းပေးခဲ့တာကြောင့် ဒေါ်လာ ၂ သန်းကျော်အမြတ်ထွက်ခဲ့ပါတယ်။