Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ထု – ပခုက္ကူ လမ်းပိုင်းအသုံးပြုခြင်း ခေတ္တရပ်နားပေးထားကြပါရန် ကျောက်ထု PDF ထုတ်ပြန်

ကျောက်ထု – ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ​​ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန် သတင်းထုတ်ပြန်ထားသည်။

(ကျောက်ထုဒေသတွင် စစ်ကောင်စီယာဉ်များသွားလာနေစဉ်)
(ကျောက်ထုဒေသတွင် စစ်ကောင်စီယာဉ်များသွားလာနေစဉ်)

မနက်ဖြန်(သြဂုတ် ၁၄ရက်)မှစ၍ ကျောက်ထု – ပခုက္ကူလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်လာနိုင်သောကြောင့် အဆိုပါ လမ်းပိုင်းအသုံးပြုခြင်းအား ​​ခေတ္တရပ်နားပေးထားကြပါရန် ကျောက်ထု PDF က ယနေ့ညတွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။

ကျောက်ထု – ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ​​ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန် သတင်းထုတ်ပြန်ထားသည်။

မဖြစ်မနေဖြတ်သန်းမည့်သူများအနေဖြင့်လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်း ၀၉၄၀၂၂၇၁၀၅၇ နှင့် ၀၉၇၆၇၁၄၁၆၆၀ သို့ ဆက်သွယ်မေးမြန်းရန် PDF က မေတ္တာရပ်ခံထားသည်။

ထို့အပြင် လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေးသွားမည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။

သတင်း

"ကျွန်တော်တို့ သဘောထားက ရှင်းပါတယ်။ ပြည်သူ တွေရဲ့ဒုက္ခကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက်ဘဲကြည့်နေတဲ့ စကစ လက်အောက်ခံ စက်သုံးဆီကုမ္ပဏီ တွေရဲ့ ဆီဈေးကွက်ကစားမှုတွေကို ရပ်တန့်စေချင်တာပါဘဲ"ဟု MDY-PDF မှ ဗိုလ်နက္ခတ်က မှတ်ချက်ပေးသည်။

သတင်း

ယမန်နေ့ကစ၍ စစ်ရေယာဉ်သင်္ဘောတစ်စီး သည် ကလေးဝမြို့မှစတင်စုန်ဆင်လာခဲ့ပြီးနောက် မင်းကင်းမြို့နယ် ပန်းဆက် ပျူစောထီးရွာတွင် ညအိပ်စခန်းချခဲ့သည်ဟု ဆိုသည်။

သတင်း

ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွင် ကားငါးစီးပါဝင်ပြီး ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။