Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CNDF ၏၂လကြာ အထူးကွန်မန်ဒိုသင်တန်းတွင် စစ်ရေး၊ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများပို့ချ

သင်တန်းသားများကလည်း ကရာတေးသရုပ်ပြခြင်း၊ လက်နက်ဖြင့်တိုက်ခိုက်မှု သရုပ်ပြခြင်း တို့ ပြုလုပ်ခဲ့ပြီး ထူးချွန်ဆုများချီးမြှင့်ခြင်း၊ သစ္စာဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - CNO
ဓာတ်ပုံ - CNO

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)၏ အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ယနေ့(ဩဂုတ် ၁၃ရက်)နံနက်က ကျင်းပခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က ထုတ်ပြန်သည်။

အဆိုပါ သင်တန်းကို ဇွန်လ ၂၀ရက်မှ စတင်ခဲ့ပြီး အမျိုးသမီး(၉)ဦး၊ အမျိုးသား(၃၆)ဦး သင်တန်းသားစုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့သည်ဟုဆိုသည်။

၂လကြာမြင့်သည့် သင်တန်းကာလအတွင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏လမ်းစဉ်၊ ဂျီနီဗာကွန်ဗင်းရှင်း၊ မြို့တွင်းတိုက်စစ် ချေမှုန်းရေးလက်တွေ့၊ စစ်ရေးပြ၊ စစ်ရေးဗျူဟာ၊ လက်တွေ့လက်နက်ငယ်ပစ်ခတ်ခြင်း၊ ပြောက်ကြား စစ်နည်းဗျူဟာများ၊ နိုင်ငံရေးအခြေခံအသိပညာပေးဟောပြော၊ အမျိုးသားနိုင်ငံရေးဦးတည်ချက်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်၊ ကရာတေး၊ ရှေးဦးသူနာပြုစုနည်းနှင့် ရာထူးအလိုက် တာဝန်ဝတ္တရားများကို သင်ကြားပို့ချခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - CNO
ဓာတ်ပုံ – CNO

ယနေ့ သင်တန်းဆင်းပွဲသို့ ချင်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Salai William Chin မှ အဖွင့်အမှာစကားပြောကြားပြီး၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Salai Peter Thang မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်ဟုဆိုသည်။

ဓာတ်ပုံ - CNO
ဓာတ်ပုံ – CNO

သင်တန်းသားများကလည်း ကရာတေးသရုပ်ပြခြင်း၊ လက်နက်ဖြင့်တိုက်ခိုက်မှု သရုပ်ပြခြင်း တို့ ပြုလုပ်ခဲ့ပြီး ထူးချွန်ဆုများချီးမြှင့်ခြင်း၊ သစ္စာဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တီအိုချောင်းမှ တာဟန်း- ကလေး မြို့ဘက် ပြန်လှည့်မည့်ယာဉ်များကိုမူ ဩဂုတ် ၁၅ရက်နေ့အထိ သွားနိုင်မည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်သည်။

သတင်း

ယနေ့ (ဩဂုတ် ၁၀ရက်) ကျရောက်သည့် ကချင်အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့၌ ကျင်းပရာ KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် ယခုကဲ့သို့ မှာကြား ခြင်းဖြစ်သည်။

နိုင်ငံတကာ

တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းကို ဝင်ရောက် တိုက်ခိုက်မယ့် ပုံစံမျိုး စီစဉ်ထားပြီး တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ အမြောက်အမြားကို စေလွှတ်ခဲ့တာ တွေ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး - ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။