Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝန်းသိုမြို့နယ်တွင် လက်နက်အပြည့်အစုံဖြင့်လာသောပျူအဖွဲ့ကိုPDFကတိုက်ခိုက်နှစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

အထက်ပါ ဝန်သို့မြို့နယ်ရှိ လေဘိုကျေးရွာမှ ပြည်သူများနှင့် ရွှေတူးဖော်ရေးလုပ်ကိုင်သူများကစစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ၏ မတရားသဖြင့် ငွေးကြေးကောက်ခံမှုအပါအဝင် ဆပ်ကြေးပေးရမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဝန်းသိုမြို့နယ်တွင် လက်နက်အပြည့်အစုံဖြင့်လာသောပျူအဖွဲ့ကိုPDFကတိုက်ခိုက်နှစ်ဦးသေ၊တစ်ဦးဒဏ်ရာရ
ဝန်းသိုမြို့နယ်တွင် လက်နက်အပြည့်အစုံဖြင့်လာသောပျူအဖွဲ့ကိုPDFကတိုက်ခိုက်နှစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တွင်စစ်ကောင်စီလက်ကိုင်တုတ်ပျူစောထီးအဖွဲ့ကို မဟာမိတ်ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ကော်လင်းတော်လှန်ရေးအင်အားစု (KR)က ယနေ့(သြဂုတ် ၁၃)တွင် ထုတ် ပြန်သည်။

ယနေ့ညနေပိုင်းက ကောလင်းခရိုင်အတွင်းရှိ ဝန်းသိုမြို့နယ် လေဘိုကျေးရွာသို့ ပျူစောထီးငါးဦး လက်နက်အပြည့်စုံဖြင့်ရောက်ရှိနေကြောင်းသတင်းရသဖြင့် ကောလင်းခရိုင်တပ်ရင်း (၂)နှင့်ဝန်းသို ပြည်သူ့ကာကွယ်ရေး(ပကဖ)ပူးပေါင်းအဖွဲ့ နှင့် ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

“ပျူ နှစ်ကောင် သေဆုံးခဲ့ပြီးတစ်ကောင်ဒဏ်ရာရဟုသိရှိရသည်”ဟု KR Team က ဖော်ပြသည်။

ထို့နောက် ဝန်းသို့မြို့အခြေစိုက်ခမရ(၁၁၁)ထဲမှလက်နက်ကြီးများပစ်ကူပေးသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အထိခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ ဝန်သို့မြို့နယ်ရှိ လေဘိုကျေးရွာမှ ပြည်သူများနှင့် ရွှေတူးဖော်ရေးလုပ်ကိုင်သူများကစစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ၏ မတရားသဖြင့် ငွေးကြေးကောက်ခံမှုအပါအဝင် ဆပ်ကြေးပေးရမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းတိုင်းတွင် ရွှေဘိုခရိုင်သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အများအပြားဖွဲ့စည်းကာ စစ်ကောင်စီအား တော်လှန်နေကြသည်။

သတင်း

မှားယွင်းစွာ ပစ်ခတ်မိမည်ကို စိုးရိမ်၍ ကားမှန်များချကာ မောင်းနှင်ပေးရန် အထူးတောင်းပန်အပ်ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်း

ကျောက်ထု - ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ​​ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန် သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။