Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရင်ပေါင်တိုင်တိုက်ပွဲ စစ်ကောင်စီတပ်အင်အား ဖြည့်တင်းနေ

“ကျွန်တော်တို့ ထင်တာတော့ ရင်ပေါင်တိုင်ရွာနောက်ဆက်တွဲအခြေအနေကို စစ်တပ်က အကောင် ကြီးကြီးတစ်ကောင် လာကိုင်တွယ်တာလို့ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)

ယင်းမာပင်မြို့နယ်ရှိ ရင်ပေါင်တိုင်ကျေးရွာတိုက်ပွဲကို ကူရန်အတွက် စစ်ကောင်စီတပ်က ကလေးမြို့မှတစ်ဆင့် အင်အားအများအပြား ဖြည့်တင်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ရင်ပေါင်တိုင်ရွာတွင် သြဂုတ် ၁၁ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ဆက်လက်ဖြစ်နေပြီး အင်အားဖြည့်တင်းရန်အတွက် ကလေးမြို့မှတစ်ဆင့် စစ်ကောင်စီတပ်သားအများအပြား ပို့ဆောင်နေသည်ဟု ကလေးမြို့ခံများက ပြောသည်။

“ကလေးလေဆိပ်ကို လေယာဥ်တွေ တစ်နေ့ငါးစီး ခြောက်စီးအထိဆင်းတယ်။ ကလေး၊ ဂန့်ဂေါဘက်ကို အများကြီး ပို့နေတယ်။ ကျွန်တော်တို့ သိသလောက် ရင်ပေါင်တိုင်ကနေ ရဲဘော်တွေ(PDFနှင့် မဟာမိတ်များ) ပုံတောင်၊ ပုံညာကတဆင့် ထွက် လာရင် စောင့်ဖို့လို့ ကြားနေရတယ်”ဟု ကလေးမြိုခံတစ်ဦးကပြောသည်။

ယင်းမာပင်နယ်မှတစ်ဆင့် ပုံတောင်၊ပုံညာတောင်ကို ဖြတ်ကျော်ပါက ကလေး-ဂန့်ဂေါနယ်စပ်သို့ ရောက်ရှိ၍ စစ်ကောင်စီက ကြိုတင်နေရာယူထား​ခြင်းဟု ဒေသခံများက သုံးသပ်နေသည်။

သြဂုတ် ၁၂ရက် ညနေက ကလေးမြို့ လေဆိပ်သို့ စစ်ကောင်စီလေယာဥ်အသေးနှစ်စင်း(ဒေသခံများက VIP လေယာဥ်ဟုဆိုသည်) ဆင်းသက်ခဲ့သည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ ထင်တာတော့ ရင်ပေါင်တိုင်ရွာနောက်ဆက်တွဲအခြေအနေကို စစ်တပ်က အကောင် ကြီးကြီးတစ်ကောင် လာကိုင်တွယ်တာလို့ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရင်ပေါင်တိုင်ရွာတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲဒီအမှုတွေအပြင် ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက စစ်ကောင်စီသြဇာခံ ပုလဲရဲစခန်းက ရဲတစ်ဦးနဲ့ ခင်ဦး မြို့နယ်က ရဲတစ်ဦး အသတ်ခံရမှုမှာ လည်း ကိုဝေမိုးနိုင်ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ လူသတ်မှု ၊အားပေးကူညီမှုတွေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပါသေးတယ်။

သတင်း

AAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး အချို့ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

သတင်း

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။

သတင်း

စ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။