Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အမှု ၅ မှုနဲ့ ထောင် ၁၀ နှစ် ချ၊ လူသတ်မှု ၊ဓားပြမှု ၊မတရားအသင်းဆက်သွယ်မှု တွေနဲ့ ပါ စစ်ကောင်စီစွပ်စွဲတရားစွဲထား

အဲဒီအမှုတွေအပြင် ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက စစ်ကောင်စီသြဇာခံ ပုလဲရဲစခန်းက ရဲတစ်ဦးနဲ့ ခင်ဦး မြို့နယ်က ရဲတစ်ဦး အသတ်ခံရမှုမှာ လည်း ကိုဝေမိုးနိုင်ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ လူသတ်မှု ၊အားပေးကူညီမှုတွေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပါသေးတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်

ကားနဲ့တိုက်ဖမ်းခံရတဲ့ အသက် ၂၆ နှစ်အရွယ် မုံရွာသပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ပုဒ်မတွေထဲက ကနဦးအနေနဲ့ သြဂုတ်လ ၁၂ ရက်မှာ အမှု ၅ မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချလိုက်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့စွဲဆိုထားတဲ့အမှု ၅ မှုအတွက် ထောင်ဒဏ် ၂ နှစ်စီနဲ့ စုစုပေါင်းထောင်ဒဏ် ၁၀ နှစ်ကို မုံရွာထောင်တွင်းတရားရုံးက အမိန့်ချလိုက်တာပါ။

အဲဒီအမှု ၅ မှု ဟာ ဆန္ဒပြတာ ၊ အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု CDM လုပ်ဖို့ လှုံဆော်တယ်ဆိုပြီးစစ်ကောင်စီက တရားစွဲဆိုထားတာလို့သိရပါတယ်။

ဒါအပြင် မုံရွာမှာ မိသားစုတစ်စုကို ဒလန်ဆိုကာ ဖမ်းဆီးရိုက်နှက်ပြီး နယ်နှင်ဒဏ်ပေးတဲ့ကိစ္စမှာ ကိုဝေမိုးနိုင် ဦးဆောင်ပါဝင်တယ်ဆိုပြီး ဓားပြမှု ၊ မတရားချုပ်နှောင်ထားမှု ၊အပြင်းအထန်နာကျင်စေမှု ၊အားပေးကူညီမှု ပုဒ်မတွေ နဲ့ စစ်ကောင်စီက တရားစွဲထားတာရှိပါတယ်။

အဲဒီအမှုတွေအပြင် ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက စစ်ကောင်စီသြဇာခံ ပုလဲရဲစခန်းက ရဲတစ်ဦးနဲ့ ခင်ဦး မြို့နယ်က ရဲတစ်ဦး အသတ်ခံရမှုမှာ လည်း ကိုဝေမိုးနိုင်ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ လူသတ်မှု ၊အားပေးကူညီမှုတွေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပါသေးတယ်။

မုံရွာက လူငယ်အချို့ကို PDF သင်တန်းတက်ဖို့ဆက်သွယ်ပေးတယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) အပြင် အခြားသောပုဒ်မတွေနဲ့လည်း စစ်ကောင်စီဟာ အမှုဖွင့်တရားစွဲထားတယ်လို့သိရပါတယ်။

မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့နှစ် ဧပြီလလယ်အတွင်း မုံရွာမှာ ဆိုင်ကယ်နဲ့လှည့်လည်ဆန္ဒပြချိန် စစ်ကောင်စီ ဟာ ကားနဲ့တိုက်ပြီး အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

AAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး အချို့ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

သတင်း

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။

သတင်း

"ကျွန်တော်တို့ ထင်တာတော့ ရင်ပေါင်တိုင်ရွာနောက်ဆက်တွဲအခြေအနေကို စစ်တပ်က အကောင် ကြီးကြီးတစ်ကောင် လာကိုင်တွယ်တာလို့ထင်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။