Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် PDFတို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ယင်းတိုက်ပွဲမှာ မနက် ၁၁ နာရီမှ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးကာ PDF တပ်ရင်းများနှင့် မဟာ မိတ်ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကလေး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF
ကလေး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF

▪️စစ်ကောင်စီတပ် ခုနစ်ဦးထက်မနည်းသေ

ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာ GTC ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ခန့်နှင့် ကလေး PDFတပ်ရင်းများ ထိတွေ့တိုက်ပွဲ နှစ်ရက်ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်း သေဆုံးသွားကြောင်း ထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲများတွင် သြဂုတ် ၈ ရက်က သာယာကုန်းရွာမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ကျွန်းချောင်းရွာနှင့် အနောက်စံသာရွာကြားတွင် ကလေး PDFမှ တပ်ရင်း (၃)၊ တပ်ရင်း (၆)၊ တပ်ရင်း (၈)၊ တပ်ရင်း (၁၂)နှင့် CDF-KKG တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေဆုံးကာ ကလေး PDFနှင့် ပူးပေါင်းတပ်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

အလားတူ အဆိုပါစစ်ကြောင်းသည် အထက်ပါတိုက်ပွဲဖြစ်ပွားပြီး (၅)ရက်ခန့်အကြာ သြဂုတ် ၁၂ ရက် နံနက် ၁၁ နာရီခန့်တွင် သာယာကုန်းနှင့် (၁၀)မိုင်ခန့်ဝေးသော ချောင်းခွရွာဘက်ရောက်ရှိလာရာ PDF မှ တပ်ရင်းများနှင့် မဟာမိတ်အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲမှာ မနက် ၁၁ နာရီမှ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးကာ PDF တပ်ရင်းများနှင့် မဟာ မိတ်ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် သြဂုတ် ၁၂ ရက်ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ချောင်းခွရွာထဲမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ယင်းစစ်ကြောင်းမှာ သြဂုတ် ၁၃ ရက်မနေ့က ကလေးမြို့နယ်တောင်ပိုင်းသို့ ဆက်လက်ဦးတည်သွားကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မနေ့က ညနေပိုင်းက အောင်ပင်လယ်ရပ်ကွက်၊နန်းတော်ဝင် တည်းခိုခန်းကို စစ်ကောင်စီကဝင်စစ်ပြီး လူငယ် ၄ ဦးကိုဖမ်းဆီးသွားတာပါ။

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအများအပြားလည်း တိမ်းရှောင် ထွက်ပြေးနေရသည်။

သတင်း

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ပြီး အခြား ကျရှုံးထိခိုက်မှု များရှိသော်လည်း အရေအတွက်ကို ဆက်ပြီးအတည်မပြုနိုင်သေး ပေ။

သတင်း

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ အဖွဲ့အစည်းအလိုက်အနေအဖြင့်ဖြစ်စေ စစ်ဘေးရှောင် ပြည်သူလူထုများ လိုအပ်လျက်ရှိနေသောအကူအညီများကို ကူညီပေးလိုသည့် မည်သည့်လူပဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို KNU အနေဖြင့်လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်သည်။