Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ စက်သုံးဆီပြတ်လပ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေ

ဆီဆိုင်ကြီးတွေမှာ အချိန်လုပြီး တန်းစီမဝယ်ယူနိုင်တဲ့ အောက်ခြေပြည်သူအချို့အနေနဲ့ လမ်းဘေးဆီဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်ရတာမျိုးတွေလည်းရှိနေပါတယ်။

မန္တလေးမှာ စက်သုံးဆီပြတ်လပ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေ
မန္တလေးမှာ စက်သုံးဆီပြတ်လပ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေ

သွားလာရေးအတွက် ဆိုင်ကယ်အသုံးများတဲ့မန္တလေးမှာ စက်သုံးဆီဆက်လက်ပြတ်လပ်နေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရပါတယ်။

ဆီဆိုင်ကြီးတွေမှာလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး စက်သုံးဆီဈေးဟာမြင့်တက်နေဆဲပါ။

ဆီဆိုင်ကြီးတွေဖြစ်တဲ့ Denko၊ BOC၊MAX၊360°စတဲ့ဆိုင်တွေမှာ အချိန်တစ်ခုသတ်မှတ်ပြီးရောင်းချနေ တာကြောင့် ဆီဝယ်ယူနိုင်ဖို့အတွက် တန်းစီနေရပြီး အလှည့်မရောက်ခင် ဆီပြတ်သွားတာမျိုး ကြုံနေရတယ်လို့ဒေသခံအချို့ကပြောပါတယ်။

” တစ်နာရီကျော်လောက် တန်းစီပြီးစောင့်နေတာ ကိုယ့်အလှည့်ရောက်ခါနီးမှာ ဆီကုန်သွားပြီတဲ့ အဲဒါနဲ့နောက်တစ်ဆိုင်ထပ်တန်းစီးရတယ်” လို့ ဆီဆိုင်မှာ ဆီသွားဖြည့်ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမှာ ဆီဆိုင်ကြီးတွေသာဖွင့်လှစ်ထားသာတွေ့ရပြီး ဆီဆိုင်အသေးစားတွေပိတ်ထားကြပါတယ်။

ဆီဆိုင်ကြီးတွေမှာ အချိန်လုပြီး တန်းစီမဝယ်ယူနိုင်တဲ့ အောက်ခြေပြည်သူအချို့အနေနဲ့ လမ်းဘေးဆီဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်ရတာမျိုးတွေလည်းရှိနေပါတယ်။

လမ်းဘေးဆီဆိုင်အချို့မှာ တစ်လီတာကို ကျပ်ငါးထောင်ထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

ဒီနေ့ မန္တလေးမြို့ရဲ့ စက်သုံးဆီပေါက်ဈေးဟာ ၉၂ တစ်လီတာကို ၂၃၆၅ကျပ်၊ ၉၅ တစ်လီတာကို ၂၄၃၅ကျပ် နဲ့ရောင်းချနေတာတွေ့ရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ဆီဆိုင်တွေမှာ လက်ကျန်စာရင်းတွေကို အရင်ကပေးရတာရှိတယ်။ အခုက အခွန်ပါကောက်မယ်သဘောပြောပြီး ရောင်းရမယ့် ပမာဏတွေကော ကောက်မယ်လို့ပြောနေတယ်”ဟု အခြားဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်းပြောသည်။

သတင်း

"ကျွန်တော်တို့ သဘောထားက ရှင်းပါတယ်။ ပြည်သူ တွေရဲ့ဒုက္ခကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက်ဘဲကြည့်နေတဲ့ စကစ လက်အောက်ခံ စက်သုံးဆီကုမ္ပဏီ တွေရဲ့ ဆီဈေးကွက်ကစားမှုတွေကို ရပ်တန့်စေချင်တာပါဘဲ"ဟု MDY-PDF မှ ဗိုလ်နက္ခတ်က မှတ်ချက်ပေးသည်။

သတင်း

လက်ရှိတွင် ရှမ်းပြည်နယ်မြို့နယ်အချို့တွင် စက်သုံးဆီပြတ်လတ်သည်ဆိုကာ ဆီဆိုင်အချို့ပိတ်ထားပြီး ဆီတစ်လီတာကို ၉၀၀၀ ကျော်ဖြင့် မှောင်ခိုစျေးကွက်ပေါ် ပေါက်နေပြီး ပြည်သူများသွားလာရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

မြို့ရဲ့ ဆိုင်အားလုံးနီးပါးပိတ်ထားပြီး ၃၅လမ်းရှိ BOCဆိုင်တစ်ခုသာ လိုသလောက်ရောင်းချပေးနေတယ်လို့ စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကပြောပါတယ်။