Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခုနှစ်လကျော်အတွင်း ကုမ္ပဏီ ၃၀၀၀ ကျော် ဖျက်သိမ်းခံရ

စစ်ကောင်စီ၏ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနကမူပြီးခဲ့သည့် ဇူလှိုင်လက ကုမ္ပဏီအသစ်ပေါင်း ၉၀၀ကျော်မှတ်ပုံသည်ဟု ဝါဒဖြန့်ထားသည်။သို့​​သော် ထိုပမာဏသည် စစ်တပ်အာဏာမသိမ်းခင်ကာလတစ်လ မှတ်ပုံတင်​သောနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးလျော့နည်းနေဆဲဖြစ်သည်။

(စစ်​ကောင်စီဖျက်သိမ်း​နေ​သောကုမ္ပဏီစာရင်းအချို့ နှင့် စစ်​ကောင်စီ ၏ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန ဆိုင်းဘုတ် ။ ။ဓါတ်ပုံ-DICA)
(စစ်​ကောင်စီဖျက်သိမ်း​နေ​သောကုမ္ပဏီစာရင်းအချို့ နှင့် စစ်​ကောင်စီ ၏ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန ဆိုင်းဘုတ် ။ ။ဓါတ်ပုံ-DICA)

●စစ်​ကောင်စီ၏ဖျက်သိမ်းခံရ​​သောကုမ္ပဏီများအပြင်မိမိအစီအစဥ်ဖြင့်ဖျက်သိမ်း​နေ​သောကုမ္ပဏီများလည်းရှိ​နေ

စစ်တပ်အာဏာသိမ်းထားမှုကြောင့် ဘက်​ပေါင်းစုံအခက်​တွေ့​နေသဖြင့် ၂၀၂၂ခုနှစ် ခုနှစ်လ​ကျော်အတွင်းကုမ္ပဏီပေါင်း ၃၀၀၀ကျော် မှတ်ပုံတင်ဖျက်သိမ်းခံရကြောင်း ကုမ္ပဏီမှတ်တင်လုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှတာဝန်ရှိသူအချို့က​ပြောသည်။

အာဏာသိမ်းပြီး​နောက်နိုင်ငံ့စီးပွား​ရေးကျဆင်းလာပြီး အ​ထွေ​ထွေအကြပ်အတည်းများကြုံ​နေ​သော​ကြောင့် ကုမ္ပဏီများ ရပ်တည်ရန် ခက်ခဲလာပြီး နှစ်ပတ်လည် အစီရင်ခံစာတင်ပြနိုင်ခြင်းမရှိ သဖြင့်စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ပုဂ္ဂလိကကုမ္ပဏီများကို ဖျက်သိမ်းနေခြင်းဖြစ်သည်။

၂၀၂၂ခုနှစ်အတွင်း တစ်လလျှင် ပျမ်းမျှ ကုမ္ပဏီ ၄၀၀ခန့်မှတ်တင်ထားမှုဖျက်သိမ်းနေပြီးယခုဩဂုတ်လလယ်အထိ မှတ်ပုံတင်ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီပေါင်း ၃၀၀၀ ခန့်ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။

People’s Springကကြည့်ရှု့ရ​​သောအဆိုပါ စာရင်းများအရ တစ်ကြိမ်လျှင် ကုမ္ပဏီ ၁၀၀ နှုန်းဖျက်သိမ်းနေပြီးတစ်လလျှင် အနည်းဆုံး ၄ ကြိမ် ကုမ္ပဏီများကိုဖျက်သိမ်းကြောင်းထုတ်ပြန်​နေသည်ကို တွေ့ရသည်။ ၂၀၂၂ မေလတွင် ကုမ္ပဏီ ၆၀၀ကျော်ဖြင့် စံချိန်တင်ဖျက်သိမ်းခဲ့သည်ကိုလည်းတွေ့ရှိရသည်။ ထိုဖျက်သိမ်း​သောပမာဏာသည် ၂၀၁၇မှ ၂၀၂၀ စက်တင်ဘာလအထိ သုံးနှစ်တာကာလအတွင်းမှတ်ပုံတင်ဖျက်သိမ်းခဲ့သောကုမ္ပဏီအရေအတွက်နှင့်ပင်ညီမျှသည်။

ယခုကုမ္ပဏီများသည် ကုမ္ပဏီဖျက်သိမ်းခြင်းလုပ်ငန်းစဉ်ကို မဆောင်ရွက်သောကြောင့် စစ်ကောင်စီဦးစီးဌာနက ဖျက်သိမ်းခြင်းဖြစ်သည်။ ထိုအပြင် ကုမ္ပဏီဖျက်သိမ်းခြင်းလုပ်ငန်းစဉ်ကို စစ်​ကောင်စီ ညွန်ကြားသကဲ့သို့ အချိန်ယူဆောင်ရွက်​နေသည့်ကုမ္ပဏီများလည်းရှိ​နေ​သေး​ကြောင်း ၎င်းကဆက်​ပြောသည်။ ထို​ကြောင့် ကုမ္ပဏီဖျက်သိမ်း​သော၊ဖျက်သိမ်းခံရ​သောကုမ္ပဏီနှစ်ခု​ပေါင်းလျှင် အ​ရေအတွက်ပိုများလာမည်ဖြစ်သည်။

(စစ်​ကောင်စီဖျက်သိမ်း​နေ​သောကုမ္ပဏီစာရင်းအချို့ နှင့် စစ်​ကောင်စီ ၏ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန ဆိုင်းဘုတ် ။ ။ဓါတ်ပုံ-DICA)
(စစ်​ကောင်စီဖျက်သိမ်း​နေ​သောကုမ္ပဏီစာရင်းအချို့ နှင့် စစ်​ကောင်စီ ၏ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန ဆိုင်းဘုတ် ။ ။ဓါတ်ပုံ-DICA)

မှတ်ပုံတင်ထား​သောပြည်တွင်းပြည်ပ ကုမ္ပဏီ​ပေါင်း ​ခြောက်​​သောင်း​ကျော်ရှိသည်။စစ်တပ်အာဏာမသိမ်းခင်က ဖျက်သိမ်းခံရသည့် ကုမ္ပဏီအရေအတွက်မှာ တနှစ်လုံးတွင်ပင် ၁၀၀ မှ ၃၀၀ခန့်သာရှိသည်ဟုလည်း“ဒီလိုကုမ္ပဏီမှတ်ပုံတင်ဖျက်သိမ်းတာ ဒီနှစ်(၂၀၂၂ခုနှစ်)ထဲမှာ အရမ်းများလာတာ၊ အရင်နှစ်တုန်းက ဒီလောက်ပမာဏကို မရှိဘူး၊ လစဉ်လည်း အခုလို့ ဖျက်သိမ်းရတာမျိုးမရှိဘူး” ဟုကုမ္ပဏီမှတ်ပုံတင်ဝန်​ဆောင်မှု​ပေး​နေ​သော ကုမ္ပဏီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖျက်သိမ်းခံရသည့် ကုမ္ပဏီများတွင် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ ပို့ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသဖြင့် လုပ်ငန်းမျိုးစုံပါဝင်သည်ဟု အထက်ပါပုဂ္ဂိုလ်က​ပြောသည်။

စစ်ကောင်စီ၏ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနကမူပြီးခဲ့သည့် ဇူလှိုင်လက ကုမ္ပဏီအသစ်ပေါင်း ၉၀၀ကျော်မှတ်ပုံသည်ဟု ဝါဒဖြန့်ထားသည်။သို့​​သော် ထိုပမာဏသည် စစ်တပ်အာဏာမသိမ်းခင်ကာလတစ်လ မှတ်ပုံတင်​သောနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးလျော့နည်းနေဆဲဖြစ်သည်။

(စစ်​ကောင်စီဖျက်သိမ်း​နေ​သောကုမ္ပဏီစာရင်းအချို့ နှင့် စစ်​ကောင်စီ ၏ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန ဆိုင်းဘုတ် ။ ။ဓါတ်ပုံ-DICA)
(စစ်​ကောင်စီဖျက်သိမ်း​နေ​သောကုမ္ပဏီစာရင်းအချို့ နှင့် စစ်​ကောင်စီ ၏ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန ဆိုင်းဘုတ် ။ ။ဓါတ်ပုံ-DICA)

ထိုအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက် ဝန်ကြီးဌာနများနှင့်ဌာနဆိုင်ရာများ၏ တင်ဒါလုပ်များကို လက်ဝါးကြီးအုပ်ရန် စစ်​အုပ်စုနှင့် နီးစပ်သူများက ကုမ္ပဏီအ​​မြောက်အမြား ထူ​​ထောင်​နေကြသည်။ ထိုသို့ စစ်အုပ်စုနှင့်နီးစပ်သူများက တစ်ဦးလျှင် အနည်းဆုံး ကုမ္ပဏီ ၃ခုမှ ၄ခုအထိ အသစ်ထူ​ထောင်​နေကြသည်ဟုလည်း ကုမ္ပဏီမှတ်ပုံတင်ဝန်​ဆောင်မူ​ပေးသည့်ကုမ္ပဏီများထံမှသိရသည်။

“အဓိကပညာ​ရေး၊ကျန်းမာ​ရေးအ​ဆောက်အဦး​တွေ​ဆောက်ဖို့၊တင်ဒါပြိုင်ကြဖို့နာမည်​ပေါင်းစုံနဲ့ကုမ္ပဏီ​​တွေထောင်ကြတယ်။ မိုးဦးကျမှို​တွေလိုဘဲ။ဒါ​ကြောင့်ကုမ္ပဏီအသစ်​ထောင်တယ်ဆိုပြီး စာရင်း​တွေများလာတာပါ။ တကယ့်စီးပွား​ရေးလုပ်မယ့်သူ​တွေမဟုတ်ကြဘူး”ဟု ကုမ္ပဏီမှတ်ပုံတင်​ဝန်ဆောင်မူ​​ဆောင်ရွက်​ပေးသူတစ်ဦးက​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါဖြစ်စဥ်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပေါက်ဒေသခံ ကာကွယ်ရေးအဖွဲ့ များဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

သတင်း

ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော် - ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားသည်။

သတင်း

အဆိုပါစစ်လက်နက်ပစ္စည်းများကို တရားမဝင်အာဏာသိမ်းမှုအပြီးနှင့် မတိုင်မီတွင် တင်သွင်းရောင်းချခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သောကုမ္ပဏီ ၁၁၆ ခုနှင့် ဒါရိုက်တာ၊ ရှယ်ယာရှင် ၂၆၂ ဦးကို ဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM က တောင်းဆိုသည်။

သတင်း

ယနေ့ နေ့လည်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်အပါအဝင် ရဟတ်ယာဉ် နှစ်စီး လာရောက်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်က ဒေသတွင်းသို့ လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်းဒေသခံ PDFက ပြော သည်။