Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုနယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ လေးဦးသေပြီး ခဲယမ်းအချို့သိမ်းဆည်းရမိဟု KNDF ထုတ်ပြန်

ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၅ က ယနေ့(သြဂုတ် ၁၄ ရက်) ထုတ်ပြန်သည်။

သြဂုတ် ၁၁ ရက်ကစ၍ စစ်ကောင်စီတပ် အမှတ် (၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ ဖရူဆိုမြို့အရှေ့ဘက်ခြမ်းသို့စစ်ကောင်စီတပ် အင်အား (၃၀) ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး လာသည့်အချိန်တွင် KNDF B-15 နှင့် ကရင်နီတပ်မတော်(KA) တပ်မှ ​ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့(သြဂုတ် ၁၃ ရက်) နံနက် ၆ နာရီခွဲခန့်က ဖရူဆိုမြို့ အခြေစိုက် ခမရ (၅၃၁) တပ်မှ စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်ဖြင့် ဖရူဆိုမြို့နယ် အရှေ့ဘက် ခြမ်းသို့ စစ်ကြောင်း ထိုးလာသည်ကို KA နှင့် KNDFB-15 တို့မှ ပြန် လည်ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ သုံးဦး သေဆုံးပြီး ခဲယမ်းတချို့ ရရှိခဲ့ကြောင်း ဖော်ပြ သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

တိုက်ပွဲများအတွင်း KA နှင့် KNDF မှရဲဘော်များ အားလုံးတစ်စုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း အသိပေးသည်။

လက်ရှိ ကရင်နီဒေသတွင်း စစ်ကောင်စီက စစ်ရေးမြှင့်တင်နေပြီး ဒီးမော့ဆို၊လွိုင်ကော်နှင့် ဖရူဆို မြို့နယ်တို့၌ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။

Public Service Announcement
Public Service Announcement

“ဒီနေ့(သြဂုတ် ၁၄ ရက်) ညနေ ၆ နာရီခွဲလောက်ကစပြီး ဒီးမော့ဆိုမှာ တိုက်ပွဲ ပြင်းထန်နေတယ် “ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Springသို့ ပြောသည်။

ယခုလ ၇ ရက်ကစ၍လည်း ရှားတောမြို့အ တွင်း ထိတွေ့မှု လေးကြိမ်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ခုနစ်ဦးနှင့်အထက်သေဆုံးကြောင်း တပ်ရင်း – ၁၇က ထုတ်ပြန်ထားသည်။

ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါဖြစ်စဥ်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပေါက်ဒေသခံ ကာကွယ်ရေးအဖွဲ့ များဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

သတင်း

ယနေ့ နေ့လည်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်အပါအဝင် ရဟတ်ယာဉ် နှစ်စီး လာရောက်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်က ဒေသတွင်းသို့ လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်းဒေသခံ PDFက ပြော သည်။

သတင်း

အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီ၏ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနကမူပြီးခဲ့သည့် ဇူလှိုင်လက ကုမ္ပဏီအသစ်ပေါင်း ၉၀၀ကျော်မှတ်ပုံသည်ဟု ဝါဒဖြန့်ထားသည်။သို့​​သော် ထိုပမာဏသည် စစ်တပ်အာဏာမသိမ်းခင်ကာလတစ်လ မှတ်ပုံတင်​သောနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးလျော့နည်းနေဆဲဖြစ်သည်။