Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းတွင် မိုင်းဆွဲခံရသည့်ဖြစ်စဥ်ကြေးနန်း ပေါက်ကြားခဲ့၍ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၂၀နီးပါး ဖမ်းဆီးစစ်ဆေးခံနေရ

သြဂုတ် ၁၃ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့် ဒိုင်ကောင်း‌ကုန်းကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းဟောင်း​တွင် သံချပ်ကာသင်တန်းဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၈၀ဝန်းကျင် လိုက်ပါလာသောကားတစ်စီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF
မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲခံရသည့်ဖြစ်စဥ် ရဲကြေးနန်းပေါက်ကြားခဲ့၍ စစ်ကောင်စီဌာနစုံမှ ဝန်ထမ်း ၂၀နီးပါး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။

သြဂုတ် ၁၃ရက်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၊ ဘုရားစုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

အဆိုပါ မိုင်းဆွဲခံရမှုနှင့်ပတ်သက်၍ အစီရင်ခံထားသည့် ရဲကြေးနန်းစာ ပေါက်ကြားခဲ့သဖြင့် မြို့နယ် ပြန်/ဆက်မှ ဝန်ထမ်းများ၊ ရဲစခန်းမှ ရဲများ၊ ထွေအုပ်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း ၂၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း Voice Of Wundwin အဖွဲ့က အသိပေးသည်။

မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF
မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF

ရဲကြေးနန်းစာတွင် စစ်သားတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သ​ည်ဟု ရေးသားထားသည်။ ထို့အပြင် မိုင်းဆွဲခံရမှုကို ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုဟု အဖြစ်မှန်ကိုဖုံးဖိရေးသားကာ အထက်သို့တင်ပြထားသည်ကိုတွေ့ရကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက ပြောသည်။

သြဂုတ် ၁၃ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့် ဒိုင်ကောင်း‌ကုန်းကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းဟောင်း​တွင် သံချပ်ကာသင်တန်းဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၈၀ဝန်းကျင် လိုက်ပါလာသောကားတစ်စီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုဖြစ်စဥ်ကြောင့် စစ်အုပ်စုဘက်က လေးဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရရှိကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (wundwin township revolution force )ကထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ဥသျှစ်ခင်ကျေးရွာအရှေ့ဘက်ရှိ ဒေသခံပြည်သူလူထု သွားလာရေးအတွက် ဆောက်လုပ်ထားတဲ့ တံတားကိုချိုးဖျက်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-မူးမြို့နယ် ငလောက်တက်ကျေးရွာနဲ့ သူဌေးကုန်းကျေးရွာထဲမှာ စခန်းချနေရာယူထားတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

သတင်း

ZFU/PDF Zoland သည် တော်လှန်ရေး အကြောင်းပြု၍ အုပ်ချုပ်ရေးနယ်မြေတစ်ခုအား တရားမဝင် သတ်မှတ် ရယူလိုသည့် အပြုအမူများအား လုံးဝ (လုံးဝ) လက်ခံနိုင်မည်မဟုတ်ဘဲ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီဘက်မှ ပြည်သူများအပေါ်လုပ်ဆောင်ခဲ့သော အကြမ်းဖက်မှုများအား အလှည့်ကြမနွဲ့စတမ်း အကြွေးပြန်ယူ လက်တုန့်ပြန်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏အပေါင်းအပါများအားလုံး -ျီးဝအောင်စားထားရန်ကြိုသတိပေးထားသည်။

သတင်း

အဆိုပါ ထိတွေ့တိုက်ခိုက်မှုများ၌ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိ ကြောင်း ဖော်ပြထားသည်။