Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်မှ ပျူခေါင်းဆောင်ကို ရှင်းလင်း၊ သေနတ်နှင့် လက်ပစ်ဗုံးသိမ်းဆည်းရမိ

တော်လှန်ရေး၏ အနှောင့်အယှက်များဖြစ်သောဒလန် နှင့် ပျူစောထီးများ၏ နာမည်၊ အိမ် နေ ရပ်လိပ်စာ အတိအကျကို ဆက်သွယ်တိုင်တန်း စာပို့ထားနိုင်ကြောင်းလည်း အဆိုပါ အင်အားစုက အသိပေးသည်။

မတ္တရာနယ်မှ ပျူခေါင်းဆောင်ကို ရှင်းလင်း၊ သေနတ်နှင့် လက်ပစ်ဗုံးသိမ်းဆည်းရမိ
မတ္တရာနယ်မှ ပျူခေါင်းဆောင်ကို ရှင်းလင်း၊ သေနတ်နှင့် လက်ပစ်ဗုံးသိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာတန်းရှည် ကျေးရွာမှ ပျုစောထီးခေါင်းဆောင်ကို ရှင်းလင်းခဲ့ရာ သေနတ်နှင့်လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရမိကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေး အင်အားစုက ယနေ့(သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။

သိန်းထွန်း (ခ)ဂျွန်ဂျွန်အား ဝင်ရောက်ဖမ်းဆီးရာတွင် (၉)မမ လက်လုပ် (ပသစ) တစ်လက်၊နှင့်အတူ ကျည် ၅ တောင့် ၊ ဗုံးတစ်လုံးကို ၎င်းနှင့်အတူ တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

“မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် တပ်ဖွဲ့၊ဝက်လက်ရင်း ၁၈ မှ စုပေါင်းလုပ်ဆောင်ခဲ့ပါတယ်”ဟု ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ပြောသည်။

တော်လှန်ရေး၏ အနှောင့်အယှက်များဖြစ်သောဒလန် နှင့် ပျူစောထီးများ၏ နာမည်၊ အိမ် နေ ရပ်လိပ်စာ အတိအကျကို ဆက်သွယ်တိုင်တန်း စာပို့ထားနိုင်ကြောင်းလည်း အဆိုပါ အင်အားစုက အသိပေးသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကြားရှိ ဧရာဝတီမြစ် ရေလယ် ကျွန်းရွာ၌ ယခုလ ပထမပတ်ကစ၍ တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးမှုများလည်းရှိခဲ့ကြောင်းသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါဖြစ်စဥ်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပေါက်ဒေသခံ ကာကွယ်ရေးအဖွဲ့ များဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

သတင်း

အင်္ကုက္ကားရွာ အရှေ့မြောက်ဖက် ပျူခေါင်းဆောင်နေအိမ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

သတင်း

အထက်ပါ ဝန်သို့မြို့နယ်ရှိ လေဘိုကျေးရွာမှ ပြည်သူများနှင့် ရွှေတူးဖော်ရေးလုပ်ကိုင်သူများကစစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ၏ မတရားသဖြင့် ငွေးကြေးကောက်ခံမှုအပါအဝင် ဆပ်ကြေးပေးရမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။