Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တိုက်ပွဲမှာ ခရိုင်ရဲမှုးသေဆုံးခဲ့ပြီးနောက်ရဲတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းကြဖို့ တိုက်တွန်း

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့အနီးက ကေအဲန်ယူထိန်းချုပ်ထားတဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေလို့ ဒေသခံအရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ကော့ကရိတ်တိုက်ပွဲမှာ ခရိုင်ရဲမှုးသေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်း
ကော့ကရိတ်တိုက်ပွဲမှာ ခရိုင်ရဲမှုးသေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်း

ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ လာပူးပေါင်းကြဖို့ ဗိုလ်မှူးစောကျော်သက်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကော့ကရိတ်ခရိုင်ရဲမှူးဖြစ်သူအပါအဝင် အနည်းဆုံးသုံးဦးခန့်သေဆုံးသွားကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ဆီမှာ လာပူးပေါင်းပါ။ စကစနဲ့ မပေါင်းပါနဲ့လို့။ စကစနဲ့ပေါင်းလို့ရှိရင် ထပ်ပြီးတော့ဒုက္ခရောက်မယ်လို့ ကျွန်တော်ကမှာကြားချင်တယ်။ စကစကို လုံး၀သွားမပေါင်းနဲ့။ စကစပေါင်းလို့ပေါင်းတဲ့လူတော့ ဒီလိုမျိုးပုံစံကြည့်လိုက်ပါ ဒီလိုမျိုးဖြစ်လာမှာပါ” လို့ ပူးပေါင်းအဖွဲ့က ဗိုလ်မှူးစောကျော်သက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့အနီးက ကေအဲန်ယူထိန်းချုပ်ထားတဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေလို့ ဒေသခံအရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက်...

သတင်း

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၁၅ရက်) နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မူဆယ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကို မကြာခဏ တိုက်ခိုက်နေသည်။

နိုင်ငံတကာ

အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရ အနေနဲ့ ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုအားလုံး ပေးပို့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။