Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ပရောက် မြန်မာလုပ်သားများ OERC ကတ် လျှောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိုယ်စားလှယ်များစာရင်း မကြာမီထုတ်ပြန်မည်ဟု NUG အသိပေး

“သို့​​ဖြစ်ပါ၍ ဝန်ကြီးဌာန၏ လမ်းညွှန်ထုတ်ပြန်ချက်များအတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်​ခြင်းဖြင့် ကူညီ​ပေးစေလိုကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါ သည်”ဟု ဖော်ပြသည်။

ထိုင်းရောက်မြန်မာလုပ်သားများ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - People's Spring
ထိုင်းရောက်မြန်မာလုပ်သားများ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - People's Spring

ပြည်ပနိုင်ငံအသီးသီးသို့ရောက်ရှိနေသော မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အသိအမှတ် ပြုကတ်(OERC) ကတ်လျှောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်များစာရင်း မကြာမီထုတ်ပြန်မည်ဟု NUG အသိပေး မကြာမီထုတ်ပြန်မည်ဟု NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ယနေ့(သြဂုတ် ၁၅)တွင် အသိပေးထုန်ပြန်သည်။

“သို့​​ဖြစ်ပါ၍ ဝန်ကြီးဌာန၏ လမ်းညွှန်ထုတ်ပြန်ချက်များအတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်​ခြင်းဖြင့် ကူညီ​ပေးစေလိုကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါ သည်”ဟု ဖော်ပြသည်။

NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများထံမှ အလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ ပြည်ပအလုပ်အကိုင် အသိအမှတ်ပြုကတ် (OERC)ထုတ်ပေးခြင်းနှင့် ယင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မည့် အဖွဲ့အစည်းများနှင့် နိုင်ငံအလိုက်ကိုယ်စားလှယ်စာရင်းများကို မကြာမီထုတ်ပြန်ပေးမည်ဟု ဆိုသည်။

လက်ရှိတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆိုပါ လုပ်ငန်းစဉ်များအတွက် ကိုယ်စားလှယ်အဖြစ် အတည် ပြုခန့်အပ်တာဝန်ပေးထားခြင်းမရှိသေးဘဲ ကူညီဆောင် ရွက်ပေးမည့် OERC ကိုယ်စားလှယ်များအမည်စာရင်း အပါအဝင် စစ်တမ်းဖြေဆိုပုံနှင့် ကတ်လျှောက် ထားမှု လမ်းညွှန်များ၊ လုပ်ငန်းစဉ် အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာနက မကြာမီ တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု ထပ်မံအသိပေးသည်။

လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး၊ တစ်စုံတစ်ဦးသို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက သဘောရိုးဖြင့် မဟုတ်ဘဲ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများ မဖြစ်ပေါ်စေရေးနှင့် အလုပ်သမားများ နစ်နာမှု တစ်စုံ တစ်ရာမဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးမည့် OERC ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ရန် ဝန်ကြီးဌာနမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကွန်ရက်MMWC (မလေးရှား) အပါအဝင် ပူးပေါင်းဆောင်ရွက် နိုင်မည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်သည်ဟု ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်မည့် ပြည်ပအလုပ် အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ OERC ကတ်လျှောက်ထားခြင်း၊ ကတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံအလိုက် အသေးစိတ်အစီအစဉ်၊ အချက်အလက်များ ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် စတင်အသိပေးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ဘေးရှောင်များအတွက်လည်း အလှူခံနေကြောင်းကိုလည်း အဆိုပါ Facebook စာမျက်နှာမှ တစ်ဆင့် ပြုလုပ်လျက်ရှိသည်။

သတင်း

လက်ရှိတွင် CDM ဝန်ထမ်းများ၏ အရေးပေါ် အခက်အခဲများကို စိစစ်အတည်ပြု၍ ပံ့ပိုးကူညီမှုများကို တိုးချဲ့၍ ပြုလုပ်လိုပါ၍ သတ်မှတ်ချက်များဖြင့် ကိုက်ညီသည့် CDM ဝန်ထမ်းများ အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ Page တွင် အမည်စာရင်းပေးပို့၍ လျှောက်ထားနိုင်သည်ဟု အသိပေးထားသည်။

သတင်း

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ အဖွဲ့အစည်းအလိုက်အနေအဖြင့်ဖြစ်စေ စစ်ဘေးရှောင် ပြည်သူလူထုများ လိုအပ်လျက်ရှိနေသောအကူအညီများကို ကူညီပေးလိုသည့် မည်သည့်လူပဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို KNU အနေဖြင့်လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်သည်။

သတင်း

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။