Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းကွင်းပေါ်ရောက်လာသည့် ကင်းပုန်းကျစစ်ကောင်စီတပ်သား သုံးဦးကို မိုင်းခွဲတိုက်ခိုက်

ယမန်နေ့ (သြဂုတ်၁၄ ရက်) ည ၇ နာရီခွဲဝန်းကျင်က မုံရွာမြို့ အက်တောရွာမြောက်ဘက်နှင့် မွေးမြူရေးဇုန်ကြားတွင် စစ်ကောင်စီတပ်က ကင်းပုန်းလာချခဲ့သည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj)
(မုံရွာမြို့ပေါ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မိုင်းဆင်ထားသည့်နေရာသို့ ရောက်လာသည့် စစ်ကောင်စီတပ်ကင်းပုန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်၁၄ ရက်) ည ၇ နာရီခွဲဝန်းကျင်က မုံရွာမြို့ အက်တောရွာမြောက်ဘက်နှင့် မွေးမြူရေးဇုန်ကြားတွင် စစ်ကောင်စီတပ်က ကင်းပုန်းလာချခဲ့သည်။

ကင်းပုန်းကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် မိုင်းဆင်ထားသည့်နေရာသို့ ရောက်လာ၍ အချိန်ကိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးလုံး သေဆုံးသည်ဟု ဆိုသည်။

အထက်ပါစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight For People – F.F.P အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့ကအသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး Chindwin Attack Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Chindwin Attack Forceသည် ယနေ့ (သြဂုတ်၁၅ ရက်) နံနက် ၂ နာရီဝန်းကျင်က စတင်ကာ မုံရွာ မြို့အဝင် မအူစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြောက်ကျားထိုးစစ်ဆင်ခဲ့ရာ ၄၅ မိနစ်ကျော် အဆက်မပြတ် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီသား ခြောက်ဦးသေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်နီ(ကယား)ပြည်နယ်၌ ယခုလဒုတိယအပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၉ ဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။

သတင်း

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ အချို့ ထိခိုက်ကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

MRDA က တိုက်ခိုက်ခဲ့သော စစ်ကောင်စီ တပ်သည် သြဂုတ် ၁၁ ရက်ကစ၍ ရင် ပေါင်တိုင်၊ ပုထိုးသာနှင့် ရွာသစ်ကျေးရွာများတွင် ပြည်သူ့အိုးအိမ်များကို စိတ် ကြိုက် လုယူခိုးယူပြီး ဖျက်ဆီးလာခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်များ၏ နေ့စဉ်ရောင်းချရမှုနှင့် ဆီလက်ကျန်များကို နေ့စဉ်နေ့လယ် ၁၂နာရီ အရောက်ပို့ပေးရမည်ဟု ဆီဆိုင်ပိုင်ရှင်များကို ညွန့်ကြားထားသည်။