Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် အနည်းဆုံး ၂၂ဦး သေ၊ ရဲဘော်ငါးဦးကျဆုံး

MRDA က တိုက်ခိုက်ခဲ့သော စစ်ကောင်စီ တပ်သည် သြဂုတ် ၁၁ ရက်ကစ၍ ရင် ပေါင်တိုင်၊ ပုထိုးသာနှင့် ရွာသစ်ကျေးရွာများတွင် ပြည်သူ့အိုးအိမ်များကို စိတ် ကြိုက် လုယူခိုးယူပြီး ဖျက်ဆီးလာခဲ့ခြင်းဟု ဆိုသည်။

(တိုက်ပွဲတစ်ခုမှ ပြန်လာသော ဗိုလ်နဂါးဦးဆောင်သောအဖွဲ့ကို ဒေသခံများက ကြိုဆိုနေစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)
(တိုက်ပွဲတစ်ခုမှ ပြန်လာသော ဗိုလ်နဂါးဦးဆောင်သောအဖွဲ့ကို ဒေသခံများက ကြိုဆိုနေစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)

▪️ အပြည့်အဝမကာကွယ်နိုင်ခဲ့သည့်အတွက်MRDA ဦး ဆောင်သူ ဗိုလ်နဂါးက ပြည်သူများအား တောင်းပန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၂၂ဦး သေဆုံးပြီး ရဲဘော်ငါးဦးကျဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A)က ယနေ့ (သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက် နေ့လည် ၂ နာရီ ၁၂ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ရွာသစ်ကျေးရွာအနောက်ဘက်အနီးရှိ စစ်ကောင်စီတပ်ကို M.R.D.Aမှ ကင်းပုန်းဝပ်ဖြတ်တောက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးကို အင်အားလျှော့ချနိုင်ခဲ့ပြီး ရဲဘော်တစ်ဦး လက်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့ (သြဂုတ် ၁၄ ရက်) နေ့လည် ၁နာရီ မိနစ် ၂၀ ခန့်တွင် ပုထိုးသာနှင့် ရွာသစ်ကျေး ရွာမှ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီး၍ထွက်လာသော စစ်ကောင်စီတပ်ကို ကမ္ဘားရပ်ကျေးရွာအရှေ့ဘက်အနီးတွင် စောင့်ကြိုဖြတ်တောက်ခဲ့ရာ စစ်ကောင်စီဘက်မှအနည်းဆုံး ၅ ဦးခန့် သေဆုံးကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အလားတူ ထိုနေ့ ညနေပိုင်း ၃နာရီခွဲ ခန့်မှစ၍ ညနေ ၆ နာရီခန့်အထိ ကမ္ဘားရပ်ကျေးရွာနှင့် ထိန္နဲကျေးရွာအနီးတဝိုက်တွင် ထိတွေ့မှုအပြင်း အထန်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၁၄ ဦးခန့် သေဆုံးကြောင်း အသိပေးသည်။

ထိုတိုက်ပွဲတွင် MRDA ၏ စစ်ကြောင်းနှစ်ခု အနက် ရဲဘော်ငါးဦးမှာ ကျဆုံးခဲ့ရသည်။

MRDA က တိုက်ခိုက်ခဲ့သော စစ်ကောင်စီ တပ်သည် သြဂုတ် ၁၁ ရက်ကစ၍ ရင် ပေါင်တိုင်၊ ပုထိုးသာနှင့် ရွာသစ်ကျေးရွာများတွင် ပြည်သူ့အိုးအိမ်များကို စိတ် ကြိုက် လုယူခိုးယူပြီး ဖျက်ဆီးလာခဲ့ခြင်းဟု ဆိုသည်။

“အခုထိ ပုလဲ ဒေသတွင်း စစ်ရေးက လုံးဝ မငြိမ် သေးဘူး။နောက်ပြီး တိုက်ခံထားရတဲ့ စခ စစ် ကြောင်းက မုံသွင်ရွာမှာဘဲရှိနေပါသေးတယ်”ဟုပုလဲမြို့နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယင်းထိတွေ့မှုများအတွင်း မြန်မာ့တော် ဝင်နဂါးတပ်တော်နှင့်အတူ ပါဝင်အားဖြည့်ကူညီခဲ့သောယင်းမာပင်ခရိုင်တပ်ရင်း(၁)၊ Royal Eagle တော်လှန်ရေးတပ်၊ ပုလဲJokerအဖွဲ့၊ အခြားသောဒေသခံတော်လှန်ရေးတပ်ပေါင်းစုများကို မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြသည်။

ပြည်သူ့အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စည်းလုံးစွာ အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်သူများအား ကတိပြုသည်။

ယခုတစ်ကြိမ် အပြည့်အဝမကာကွယ်နိုင်ခဲ့သည့်အတွက်လည်း MRDA ဦး ဆောင်သူ ဗိုလ်နဂါးက ပြည်သူများအား အနူးအညွတ်တောင်းပန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်နီ(ကယား)ပြည်နယ်၌ ယခုလဒုတိယအပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၉ ဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။

သတင်း

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ အချို့ ထိခိုက်ကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်များ၏ နေ့စဉ်ရောင်းချရမှုနှင့် ဆီလက်ကျန်များကို နေ့စဉ်နေ့လယ် ၁၂နာရီ အရောက်ပို့ပေးရမည်ဟု ဆီဆိုင်ပိုင်ရှင်များကို ညွန့်ကြားထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်မှ ထွက်ခွာသွားပြီးနောက် ပထိုးသာရွာတွင်လည်း နေအိမ် ၇လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ PDFက ပြောသည်။