Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ်(ပကဖ) သတိပေး

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ အချို့ ထိခိုက်ကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ်(ပကဖ) သတိပေး
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ်(ပကဖ) သတိပေး

▪️မလိုက်နာပါက နောက်ဆက်တွဲ ဖြစ်လာမည့်အကျိုးဆက်ကို တာဝန်မယူဟု အသိပေး

▪️ပြည်သူများ​တော်လှန်​ရေးအဖွဲ့များနှင့်ပူးပေါင်း၍အကြမ်းဖက်စစ်တပ်အား ရရာနည်းလမ်းဖြင့် တွန်းလှန်ကြရန်တိုက်တွန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာရှင်စနစ်သက်ဆိုး ရှည်အောင် ဒေါက်တိုင်ပြုလုပ်ပေးနေသော Non CDM ဝန်ထမ်းများအနေဖြင့် ကရင်ပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ယနေ့ ထုတ်ပြန်သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို တာဝန်မယူနိုင်ပါကြောင်းနှင့် ၎င်းတို့တွင်သာ တာဝန်ရှိကြောင်း ပကဖက ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ် ၁၅ရက်တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများစွာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ပြီးပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်ပြည်နယ်(ပကဖ)အနေဖြင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့နှင့် ပူးပေါင်းကာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား ရရာနည်းလမ်းဖြင့် တွန်းလှန်ကြရန် တိုက်တွန်းလိုက်ကြောင်း ဖော်ပြထားသည်။

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ ပစ်မှတ်နေရာများကို ယနေ့မနက်က ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးပြီး ဥပဒေအရာရှိတစ်ဦးနှင့် ရုံးဝန်ထမ်းတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ အချို့ ထိခိုက်ကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

သတင်း

ကရင်နီ(ကယား)ပြည်နယ်၌ ယခုလဒုတိယအပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၉ ဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။

သတင်း

MRDA က တိုက်ခိုက်ခဲ့သော စစ်ကောင်စီ တပ်သည် သြဂုတ် ၁၁ ရက်ကစ၍ ရင် ပေါင်တိုင်၊ ပုထိုးသာနှင့် ရွာသစ်ကျေးရွာများတွင် ပြည်သူ့အိုးအိမ်များကို စိတ် ကြိုက် လုယူခိုးယူပြီး ဖျက်ဆီးလာခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်များ၏ နေ့စဉ်ရောင်းချရမှုနှင့် ဆီလက်ကျန်များကို နေ့စဉ်နေ့လယ် ၁၂နာရီ အရောက်ပို့ပေးရမည်ဟု ဆီဆိုင်ပိုင်ရှင်များကို ညွန့်ကြားထားသည်။