Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ကုလအထူးသံတမန် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီး ၁၀ လတာအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာလည်းဖြစ်ပါတယ်။

Photo − UN Myanmar
Photo − UN Myanmar

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို တနင်္လာနေ့ (သြဂုတ်၁၅) မှာလာရောက်ခဲ့တယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းဌာနကရေးသားဖော်ပြပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီး ၁၀ လတာအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာလည်းဖြစ်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ခွင့်ပြုဖို့ ကုလ လုံခြုံရေးကောင်စီကတောင်းဆိုပြီးနောက် ဒီခရီးစဉ်ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။

မစ္စနိုလင်းဟေဇာလာရောက်တဲ့ တနလာၤနေ့မှာပဲ အာဏာသိမ်းစစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ်ထပ်ချလိုက်ပါသေးတယ်။

စင်ကာပူနိုင်ငံသူ ကုလ ဝါရင့်သံတမန် မစ္စနိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းခန့်အပ်ခဲ့တာပါ။

အထူးသံအဖြစ်ခန့်အပ်ပြီးနောက် မြန်မာနိုင်ငံကိုလာရောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ခွင့်မပြုခဲ့ပါဘူး။

ပြီးခဲ့တဲ့မေလကုန်ပိုင်းကတော့ ဆွတ်ဇာလန်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့တွေ့ဆုံချိန် မစ္စနိုလင်းဟေဇာဟာ စစ်ကောင်စီခေါင်းဆောင်က ဖိတ်ထားတဲ့အတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိကြောင်း ပြောဆိုခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အခု ခရီးစဉ်အတွင်းနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ရ မရ ကိုလည်း သတင်းတွေထွက်ပေါ်လာတာမရှိသေးပါဘူး။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရန်ကုန်ရှိ ဂျပန်သံရုံးကမူ ဝါတနာဘီ၏ ခရီးစဉ်ကို သိရှိသော်လည်း လွှတ်တော်အမတ်ကိုယ် တိုင်ခရီးစဉ်စီစဉ်ခြင်းဖြစ်ပြီး ခရီးစဉ်အစီအစဉ် သို့မဟုတ် အခြားသော အသေးစိတ်ကို ၎င်းတို့ မသိရှိ ကြောင်း ပြောသည်။

သတင်း

ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

သတင်း

နမ့်ဆန်မြို့နယ်တွင် (၁) နေရာနှင့် မိုင်းငေါ့မြို့နယ်တွင် (၄) နေရာထပ်မံတိုးမြှင့်ထားလိုက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

သတင်း

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။