Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားသဖြင့်ထောင်ဒဏ်ထပ်မံချမှတ်မှုကို အီးယူ ရှုတ်ချ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတရားရုံးက ယမန်နေ့(ဩဂုတ် ၁၅ ရက်)တွင် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်ဆိုကာ ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့ကာ လက်ရှိတွင် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီးဖြစ်သည်။

ဓာတ်ပုံ - Chair NLD
ဓာတ်ပုံ - Chair NLD

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ခြင်းကို ပြစ်တင်ရှုတ်ချကြောင်းနှင့် ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒအကြီးအကဲ Josep Borrell က ယမန်နေ့တွင် ပြောသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတရားရုံးက ယမန်နေ့(ဩဂုတ် ၁၅ ရက်)တွင် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်ဆိုကာ ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့ကာ လက်ရှိတွင် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီးဖြစ်သည်။

“(ဒေါ်)အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ် ၆ နှစ် မတရားသဖြင့် စီရင်လိုက်တာကို ကျွန်တော်ပြစ်တင်ရှုတ်ချပါတယ်။ သူမကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုပါတယ်” ဟု အီးယူအကြီးအကဲ Josep Borrell က ဆိုသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို လေးစားရန် အထက်ပါအီးယူအကြီးအကဲက တိုက်တွန်းထားသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်း နှစ်ဒါဇင်နီးပါးဖြင့် မတရားသဖြင့် တရားစွဲဆိုခဲ့ကာ ယင်းပုဒ်မများ၏ အမြင့်ဆုံး ပြစ်ဒဏ်များအတိုင်း အမိန့်ချမှတ်ပါက နှစ်ပေါင်း ၁၈၀ ကျော် ထောင်ဒဏ်မှတ်ချခံရမည်ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ ထောင်ဒဏ်ထပ်မံချမှတ်ခြင်းနှင့် မကြာသေးမီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခြင်းသည် အာဆီယံတောင်းဆိုချက်များကို ထပ်ဖန်တလဲလဲ အလေးမထား ခြင်းဖြစ်ကြောင်း ယနေ့ပြောသည်။

မလေးရှားသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရေး၊ NUG၊ NUCC တို့နှင့်တွေ့ဆုံဆွေးနွေးရေးတို့ကို အားပေးထောက်ခံကြောင်း Saifuddin Abdullah က ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မလေးရှားအစိုးရ ဟာအာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်းနဲ့ NUG နဲ့သာထိတွေ့ဆက်ဆံဖို့ တရားဝင်တိုက်တွန်းပြောဆိုနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

သတင်း

ဒီနေ့အမိန့်ချရာမှာ ဒေါက်တာမျိုးအောင် ၊ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကိုပါ ထောင်ဒဏ် ၃ နှစ်စီချခဲ့တယ်လို့ သိရပါတယ်။

သတင်း

အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

သတင်း

ဒီနေ့ရုံးထုတ်တဲ့အမှုဟာ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်နဲ့ ပတ်သက်ပြီး စွဲဆိုတဲ့အမှုဖြစ်ပါတယ်။