Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ ဗိုလ်ဆွန်ပတ်လမ်းရှိ တိုက်ခန်း မီးလောင်မှုဖြစ်

“မီးက ခုနစ်လွှာ အပေါ်ဆုံးထပ် မီးလောင်တာပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာ လို့တော့ သိရတယ်။ အခန်းတစ်ခန်းလုံးနီးပါး မီးလောင်ကျွမ်းသွားပါတယ်။ အဲ့အိမ်က လူတွေတော့ မီးလွတ်တယ်လို့ သိရပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - MFSD & Thiha Htet Naing / Facebook
ဓာတ်ပုံ - MFSD & Thiha Htet Naing / Facebook

မီးလောင်ပြင်အနီး လျှပ်စစ်မီးလိုင်းတက်ဖြုတ်သည့် EPC ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပတ်လမ်း အလယ်ဘလောက်ရှိ တိုက်ခန်းတစ်ခု၏ ခုနစ်လွှာ အပေါ်ဆုံးထပ်တွင် ယနေ့ (သြဂုတ် ၁၆) ညနေပိုင်း က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

“မီးက ခုနစ်လွှာ အပေါ်ဆုံးထပ် မီးလောင်တာပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာ လို့တော့ သိရတယ်။ အခန်းတစ်ခန်းလုံးနီးပါး မီးလောင်ကျွမ်းသွားပါတယ်။ အဲ့အိမ်က လူတွေတော့ မီးလွတ်တယ်လို့ သိရပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - MFSD & Thiha Htet Naing / Facebook
ဓာတ်ပုံ – MFSD & Thiha Htet Naing / Facebook

ယနေ့ ညနေ ၃နာရိ မိနစ်၄၀တွင် ပန်းဘဲတန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်း၊အလယ်ဘလောက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက်ငြှိမ်း သတ်ခဲ့ရာ ၃နာရီ ၄၆ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါ မီးလောင်ပြင်အနီး လျှပ်စစ်မီးလိုင်း တက်ရောက်ဖြုတ်ပေး သည့် EPC ဝန်ထမ်း တစ်ဦး ဓာတ်လိုက်၍ သေဆုံးခဲ့​ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

“EPC က ကောင်လေးက ဝါယာရှော့ကြောင့် မီးလောင်တယ်ဆိုလို့ မီးတက်ဖျက်တာလို့ ပြောကြတယ်။ ဓာတ်လိုက်ပြီး ဓာတ်တိုင်ပေါ်မှာ ကပ်နေတာပါ။ သူ့ကို ကျန်ဝန်ထမ်းတွေက တော်တော်တက်ဖြုတ်လိုက်ရတယ်။ သေသွားတယ် လို့ သိရပါတယ် “ဟု ၎င်းက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေကိုမူ မီးသတ်ဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက် ညပိုင်းကလည်း ရန်ကုန်မြို့ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရ အနေနဲ့ ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုအားလုံး ပေးပို့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

သတင်း

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ မီးသတ်ဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နိုင်ငံတကာ

၂၀၀၉ ခုနှစ်တုန်းက ဘန်ကောက်မှာရှိတဲ့ ဆန်တီကာ နိုက်ကလပ်မှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၆၇ ဦးသေ၊ ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတုန်းက Burnဆိုတဲ့ Rock ဂီတအဖွဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတုန်း မီးရှူး မီးပန်းတွေ ပစ်ဖောက်ရာက မီးကူးစက်...

သတင်း

လက်ရှိတွင် ပျက်ဆီးဆုံးရှုံးမှု အနေအထားနှင့် တန်ဖိုးကိုမူ မီးသတ်ဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။