Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာခရီးစဉ်အတွင်း မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို တရားဝင်မှု ပေးသည့် အခြေအနေမျိုးရှောင်ရှားရန် GSCB တောင်းဆို

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့်အညီ ရပ်တည် လှုပ်ရှား ဆောင်ရွက်သွားရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က အလေးအနက်တိုက်တွန်းသည်။

ဓာတ်ပုံ - UN Myanmar
ဓာတ်ပုံ - UN Myanmar

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို တရားဝင်မှု ပေးသည့် အခြေအနေမျိုးကို ရှောင်ရှားရန် GSCBက တောင်းဆိုလိုက်သည်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့်အညီ ရပ်တည် လှုပ်ရှား ဆောင်ရွက်သွားရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က အလေးအနက်တိုက်တွန်းသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ရန်၊ အကြမ်းဖက် စစ်အုပ်စုက လေယာဉ်၊ လက်နက်ကြီးများအသုံးပြု၍ သာလွန် အင်အားဖြင့် ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ရန်၊ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်စေရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အနေဖြင့် အမြန်ဆုံး၊ အထိ ရောက်ဆုံးစီမံဆောင်ရွက်ပေးရေး GSCB က တောင်းဆိုသည်။

ထို့အပြင် လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ EROs မှတဆင့် အတားအဆီးမဲ့ ပံ့ပိုးကူညီနိုင်ရေး ကိစ္စများကို အလားတူတောင်းဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း စစ်တပ်သည် ပြည်သူလူထုတစ်ရပ်လုံး အပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်စက်မှုများ ဆက်တိုက် ပြုလုပ်ခြင်း၊ အမျိုးသမီးများအား မုဒိန်းကျင့် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ သာလွန်အင်အားများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်မှာ ပိုမို ဆိုးဝါးလာသည့် အခြေအနေတွင် ရှိကြောင်း GSCB က ထုတ်ပြန်သည်။

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန် အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများက ဝိုင်းဝန်း တိုက်တွန်းနေသည့်ကြားမှပင် လျစ်လျူရှု စော်ကား၍ စစ်အုပ်စုသည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ နိုင်ငံသားအချို့ကို တရားမဝင် ထောင်တွင်း ကြိုးပေး ကွပ်မျက်မှုများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို မတရား ထောင်ဒဏ်များ ထပ်မံ တိုးမြှင့် ချထားခြင်းများ ပြုလုပ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်စစ်​ကြောင်းသည် စခန်းအနီး လယ်လုပ်​နေသည့် ရွာသား နှစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု PDF က​လေးက ထုတ်ပြန်သည်။

သတင်း

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

သတင်း

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် လအတွင်းက ဟားခါး - ဖလမ်းအကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယခုလတွင် ဟားခါးထန်တလန်ကြား၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

သတင်း

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခန့်မှန်းခြေ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု (Estimated Immunization Coverage) မှာ BCG 48%, DPT3 37%, MR1 44% ရှိကြောင်း သိရှိရသည်ဟု ထုတ်ပြန်သည်။