Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂျပန်နိုင်ငံသား ဒါရိုက်တာကို လွှတ်ပေး ၊မပေး တရားရုံးအမိန့်ချပြီးမှ စစ်ကောင်စီစဉ်းစားမယ်

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံသား ဒါရိုက်တာကို လွှတ်ပေး ၊မပေး တရားရုံးအမိန့်ချပြီးမှ စစ်ကောင်စီစဉ်းစားမယ်
ဂျပန်နိုင်ငံသား ဒါရိုက်တာကို လွှတ်ပေး ၊မပေး တရားရုံးအမိန့်ချပြီးမှ စစ်ကောင်စီစဉ်းစားမယ်

ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား လူငယ်ဒါရိုက်တာ တိုရုကူဘိုတာကို ပြန်လွှတ်ပေးဖို့တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး တရားရုံးရဲ့အမိန့်ချတာကို စောင့်ကြည့်ဦးမယ် လို့ စစ်ကောင်စီ ဘက်က ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်လာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်း ၊တောင်ဒဂုံ မြို့နယ်ထဲမှာ ဂျပန်နိုင်ငံသား တိုရုကူဘိုတာကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

တိုရုကူဘိုတာဟာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပြင် ဗီဇာစည်းကမ်းချိုးဖောက်မှုတွေနဲ့ပါ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ တိုရုကူဘိုတာကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်လွှတ်တော်အမတ်တစ်ဦး မြန်မာနိုင်ငံကိုလာရောက်တဲ့ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံရာမှာ တိုရုကူဘိုတာလွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်း ကာစ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ဂျပန်သတင်းထောက် ယူကီ ကီတာဇုမိကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လေးလအကြာမှာ ပြန်လွှတ်ပေးခဲ့တာရှိပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကြိုတင်ထုတ်ပြန်အသိပေးတာမျိုးမရှိသလို ကာယကံရှင် နိုလင်းဟေဇာကလည်း တစ်စုံတစ်ရာ ကြေညာတာမျိုးမရှိခဲ့ဘူး။

သတင်း

စစ်ကောင်စီတပ်သည် ဇေယျဝတီကျေးရွာအား သုံးရက်တိုင်တိုင် နေထိုင်ပြီးနောက် မီးတင်ရှို့ရာ နေအိမ် ၅၄လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယခုဖြစ်ရပ်မျိုးမတိုင်မီကပင် စစ်ကောင်စီသည် ၎င်း၏အဆွယ်အပွားများအဖြစ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့များကို လူသိရှင်ကြားခွင့်ပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

သတင်း

စစ်​ကောင်စီတပ်စစ်​ကြောင်းသည် စခန်းအနီး လယ်လုပ်​နေသည့် ရွာသား နှစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု PDF က​လေးက ထုတ်ပြန်သည်။