Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်နှင့် တနင်္သာရီတွင် မိုးကြီး၊ မော်လမြိုင်မြို့ မြေနိမ့်ရပ်ကွက်အချို့ ရေဘေးကြုံတွေ့နေ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးဌာနက ရေကြီးနစ်မြုပ်နိုင်သည့် အခြေအနေကို သတိပေးထားသည်။

မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

မွန်ပြည်နယ်အပါအဝင် ဒေသအချို့၌ မိုးသည်းထန်စွာရွာသွန်းနေပြီး မော်လမြိုင် မြို့ မြေနိမ့်ရပ်ကွက်အချို့ ရေဘေးကြုံတွေ့နေသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ပုံမှန်ထက် မိုးကောင်းနေသည်။ မော်လမြိုင်မြို့မှ ရွှေပြည်စိုးရပ်ကွက်တွင် မြေနိမ့်ပိုင်းနေရာများ ရေကြီးနစ်မြုပ်နေ၍ ဒေသခံအချို့ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ သွားရောက်နေထိုင်ကြရသည်။

လက်ရှိကာလတွင် ထိုင်းနိုင်ငံဘက်မှ ဖြတ်ကျော်ဝင်ရောက်လာသည့် အရှေ့လေပွေလှိုင်း တစ်ခုကြောင့် မွန်ပြည်နယ်အပါအဝင် ကမ်းရိုးတန်းဒေသများ မိုးဆက်ကောင်းနိုင်ကြောင်း မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်သော ECMWF တွင် ဖော်ပြထားသည်။

မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးဌာနက ရေကြီးနစ်မြုပ်နိုင်သည့် အခြေအနေကို သတိပေးထားသည်။

သြဂုတ်လလယ်ကာလတွင် မုတ်သုံလေအားကောင်းစေမည့် လက္ခဏာဖြစ်သော မုတ်သုံမုန်တိုင်းငယ်တစ်ခု အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်သို့ ရွေ့လျား အဆုံးသတ်နိုင်ခြင်း၊ နောက်ထပ် မုတ်သုံလေဖိအားနည်းဆဲလ်တစ်ခု ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ထပ်မံဖြစ်ပေါ်လာ နိုင်ခြင်း၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင်မိုးသည်းထန်နိုင်ကြောင်း သတိပေးထားသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးရေလျှံပြီး ရေကြီးမြေပြိုဘေးကြုံတွေ့နိုင်သည်ဟုလည်း သတိပေးသည်။ ထို့အပြင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်များတွင် မြစ်ရေများ အနည်းငယ် ဆက်လက်မြင့်တက်လာနိုင်ပြီး ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရန် တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သတင်း

CRPH သည် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုသည်။

သတင်း

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သတင်း

စစ်​ကောင်စီက ​ကျောင်းများဖွင့်လှစ်ထား၍ ​ကျောင်းဖွင့်ချိန်ဖြစ်​သော်လည်း ​ကျောင်းအုတ်တံတိုင်းအပြင်ဘက်သို့ပြိုကျပြီး​ကျောင်းပိတ်မပိတ်ကိုမူမသိရ​ပေ။