Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့နယ်အချို့တွင် လူမိုက်အမည်ခံများ အသုံးပြု၍ ဧည့်စာရင်းစစ်ဆေး ခြင်း၊ကင်းပုန်းချခြင်းနှင့်ကင်းလှည့်ခြင်းများ စစ်ကောင်စီ လုပ်ဆောင်လာ

ယခုဖြစ်ရပ်မျိုးမတိုင်မီကပင် စစ်ကောင်စီသည် ၎င်း၏အဆွယ်အပွားများအဖြစ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့များကို လူသိရှင်ကြားခွင့်ပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

(အာဏာသိမ်းမှုဖြစ်ပြီးနောက် အကြိမ်ကြိမ်တိုက်ခိုက်ခံရသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်အုပ်ကြီးရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(အာဏာသိမ်းမှုဖြစ်ပြီးနောက် အကြိမ်ကြိမ်တိုက်ခိုက်ခံရသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်အုပ်ကြီးရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လူမိုက်အမည်ခံများ အသုံးပြု၍ ဧည့်စာရင်း စစ်ဆေးခြင်း၊ကင်းပုန်း ချခြင်းနှင့် ကင်းလှည့်ခြင်းများကို စစ်ကောင်စီက အသုံးပြုလာကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ထိုသို့လုပ်ဆောင်နေသည့် မြို့နယ်များအနက် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ မကြာခဏ ရှင်းလင်းခံရသည့် ရွှေပြည်သာ ၊အင်းစိန် နှင့် တောင်ဒဂုံမြို့နယ်တို့တွင် သိသာ ထင်ရှားကြောင်း ၎င်းတို့က ဆိုသည်။

ထိုအနက် ရွှေပြည်သာမြို့နယ်တွင် ယနေ့(သြဂုတ် ၁၆ ရက်) နေ့လည်ပိုင်းကစ၍ အများပြည် သူပိုင်လမ်းများပေါ်၌ လက်ပတ်အနီဝတ်ဆင်၍ ငှက်ကြီးတောင်ဓားကိုင်ဆောင်ထားသူများကို တွေ့ရကြောင်း Shwe Pyi Thar Information က အသိပေးသည်။

“အင်းစိန်က အုပ်ချုပ်ရေးမှူး တင်မောင်နိုင်ပစ်ခံရပြီးနောက်ပိုင်း စျေးပိုင်းတို့ စည်ပင်ဝင်းဘက်က ဇိုးဆိုတဲ့ကောင်တွေကို ခေါ်သုံးလာတာတွေ့တယ်။ပြောရမယ်ဆို အရင်က အဲဒီလိုသိပ်မတွေ့ရဘူး။အခုက ပေါ်တင်ဆက်ဆံရေး အနေအထားတွေ “ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မရမ်းကုန်းနှင့် တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်ရုံးအချို့နှင့် နီးစပ်သည့် နေရာများတွင်အရပ်သား(ခ)လူမိုက်များ ကင်းပုန်းများချထားသည်ဟုလည်း သိရသည်။

“ခဏခဏဝင်ပစ်ခံရတဲ့ မရမ်းကုန်း(၃)ရပ်ကွက်က ရုံးဆို နေရာပါပြောင်းထားတယ်လို့သိရတယ်။နောက်ပြီး အဲဒီရုံးနားက လက်ဖက်ရည် ဆိုင်မှာလည်း စခ တွေနဲ့ ရခတွေမဟုတ်ဘဲ ပလေကပ်ဝတ်ထားတဲ့ ကောင်တွေထိုင်ပြီ စောင့်ကြည့်တာမျိုးရှိတယ်”ဟု မရမ်းကုန်းမြို့နေသူ တစ်ဦးက ပြောသည်။

ယခုဖြစ်ရပ်မျိုးမတိုင်မီကပင် စစ်ကောင်စီသည် ၎င်း၏အဆွယ်အပွားများအဖြစ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့များကို လူသိရှင်ကြားခွင့်ပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဇေယျဝတီကျေးရွာအား သုံးရက်တိုင်တိုင် နေထိုင်ပြီးနောက် မီးတင်ရှို့ရာ နေအိမ် ၅၄လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်​ကောင်စီတပ်စစ်​ကြောင်းသည် စခန်းအနီး လယ်လုပ်​နေသည့် ရွာသား နှစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု PDF က​လေးက ထုတ်ပြန်သည်။

သတင်း

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

သတင်း

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် လအတွင်းက ဟားခါး - ဖလမ်းအကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယခုလတွင် ဟားခါးထန်တလန်ကြား၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။