Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်တွေ့လုပ်ဆောင်မည့်ကိစ္စရပ်များ စတင်တော့မည်ဟု ကေအဲန်ယူနှင့် အန်အယ်လ်ဒီအကြား သဘောတူညီမှုရ

ကေအဲန်ယူနှင့် အန်အယ်လ်ဒီတို့အကြား စတုတ္ထအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

(NLD နှင့် KNU တာဝန်ရှိသူများ တွေ့ဆုံနေစဉ်)
(NLD နှင့် KNU တာဝန်ရှိသူများ တွေ့ဆုံနေစဉ်)

ကေအဲန်ယူ(ကရင်အမျိုးသားအစည်းအရုံး)နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီတို့သည် ယမန်နေ့တွင် ထပ်မံတွေ့ဆုံခဲ့ပြီး လက်တွေ့လုပ်ဆောင်မည့်ကိစ္စရပ်များ စတင်တော့မည်ဟု သိရသည်။

ကေအဲန်ယူနှင့် အန်အယ်လ်ဒီတို့အကြား စတုတ္ထအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“လတ်တလောနိုင်ငံရေးအခြေအနေများအပေါ် အခြေခံပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလက်တွဲလုပ်ကြမယ်ဆိုပြီးတော့ သဘောတူခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာ ထူးခြားတာကတော့ တကယ်လက်တွေ့လုပ်မယ့်ဟာတွေ စတော့မယ်ဆိုတဲ့သဘောမျိုးလို့ ပြောလို့ရပါတယ်” ဟု အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အထက်ပါအစည်းအဝေးသို့ ကေအဲန်ယူ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နှင့် အမြဲတမ်းဗဟိုကော်မတီဝင်များဖြစ်သော ပဒိုစောတောနီး၊ ပဒိုစောတာနာထူးစော၊ ပဒိုစောအဲကလူစေး၊ အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီမှ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး ၊ ဦးမျိုးနိုင် တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ခရိုင်အလိုက် စစ်ရှောင်အရေအတွက်မှာ သထုံခရိုင်တွင် ကိုးသောင်းကျော် ညောင်လေးပင်ခရိုင်တွင် ​ခြောက်သောင်းကျော်၊ဘိတ်−ထာဝယ်ခရိုင်တွင် ​ခြောက်ထောင် ၊ မူတြော်ခရိုင်တွင် ကိုးသောင်းကျော်၊ ဒူးပလာယာခရိုင်တွင် ကိုးသောင်းကျော်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ကေအဲန်ယူ-မူတြော်ခရိုင်ရဲ့ တာဝန်ရှိခေါင်းဆောင်တွေက စစ်ဘေးရှောင်တွေလိုအပ်တာတွေကို တတ်နိုင်သမျှပံ့ပိုးပေးခဲ့ပေမယ့် စစ်ရှောင်ပြည်သူအရေအတွက်ဟာ အများအပြားတိုးပွားလာတဲ့အတွက် လိုအပ်ချက်တွေအများအပြားရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၁၅ရက်) နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ဘေးရှောင်များအတွက်လည်း အလှူခံနေကြောင်းကိုလည်း အဆိုပါ Facebook စာမျက်နှာမှ တစ်ဆင့် ပြုလုပ်လျက်ရှိသည်။