Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီတပ်မတော်နေ့သို့ CRPH သဝဏ်လွှာပေးပို့

ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင်ကျဆုံးသွားခဲ့ကြသည့် ကရင်နီခေါင်းဆောင်ကြီးများနှင့် တော်လှန်ရေးသူရဲကောင်းရဲဘော်အပေါင်းတို့အား ပြည်ထောင်စု၏ သူရဲကောင်းများအဖြစ် လေးစားစွာဂုဏ်ပြုဦးညွှတ် အလေးပြုကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - KnIC
ဓာတ်ပုံ - KnIC

ယနေ့ကျရောက်သော ၇၄ နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာပေးပို့သည်။

၇၄ နှစ်မြောက်ကရင်နီတပ်မတော်နေ့ အချိန်အခါသမယတွင် ကရင်နီတစ်မျိုးသားလုံး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်စသည့် ကရင်နီတပ်မတော်၏ ရည်မှန်းချက်များ အမြန်ဆုံးအကောင် အထည် ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း CRPH က ဆုတောင်းဆန္ဒပြုသည်။

ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင်ကျဆုံးသွားခဲ့ကြသည့် ကရင်နီခေါင်းဆောင်ကြီးများနှင့် တော်လှန်ရေးသူရဲကောင်းရဲဘော်အပေါင်းတို့အား ပြည်ထောင်စု၏ သူရဲကောင်းများအဖြစ် လေးစားစွာဂုဏ်ပြုဦးညွှတ် အလေးပြုကြောင်း ဖော်ပြသည်။

ထို့အပြင် အာဏာသိမ်းပြီးနောက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်ဖိနှိပ်မှုများကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ ဆုံးရှုံးခဲ့ကြသည့် ကရင်နီတိုင်းရင်းသားများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း CRPH က ဖော်ပြသည်။

ဖိနှိပ်မှုမျိုးစုံဖြင့်ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင် အကြမ်းဖက်စစ်အာဏာရှင်များကို ရဲဝံ့စွာဆန့်ကျင်တော်လှန်လျက်ရှိသည့် ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ တိုင်းရင်းသားလူမျိုးစုအားလုံး မျှော်လင့်တောင့်တနေကြသည့် ကောင်းမွန်သောနိုင်ငံနှင့် လူထုအနာဂတ်ဘဝကို လှပစွာဖန်တီးပေးနိုင်မည့် တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အမြန်ဆုံးတည်ဆောက်သွားနိုင်ရေးအတွက် ခိုင်မာစွာရပ်တည်ကာ လက်တွဲကြိုးပမ်းသွားမည်ဟု CRPH က ကတိပြုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်နီ အမျိုးသားများ၏ တရားသောစစ်ကို ဆက်လက်ဆင်နွှဲရင်း ငြိမ်းချမ်းသာယာ၀ပြောသည့် လူဘောင်သစ်တစ်ရပ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်နိုင်ကြပါစေဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ပြီး အခြား ကျရှုံးထိခိုက်မှု များရှိသော်လည်း အရေအတွက်ကို ဆက်ပြီးအတည်မပြုနိုင်သေး ပေ။

သတင်း

ဒီကနေ့ကျရောက်တဲ့ (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကရင်တစ်မျိုးသားလုံးနဲ့အတူ ကရင်အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရတယ်လို့ NUG ရဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

သတင်း

CRPH သည် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုသည်။