Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြည့်မြင်တိုင်ကမ်းနားတွင်မိုးရွာထဲသင်္ဘောတစ်စီးမီးလောင်

မီးလောင်မှုကို ငြိမ်းသတ်ရန် ကြည့်မြင်တိုင်၊ စက်ဆန်း၊ ကမာရွတ်၊ဆိတ်ကြီးခနောင်တို့မှ မီးသတ်ကားများ ထွက်ခွာခဲ့ရသည်ဟုလည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(သင်္ဘောမီး​လောင်​နေစဥ်)
(သင်္ဘောမီး​လောင်​နေစဥ်)

ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းကွက်သစ်ရပ်ကွက်၊ ကမ်းနားရှိ သင်္ဘောတစ်စီးသည် ယနေ့ မနက် ၁၀နာရီခွဲခန့်ကမိုးရွာ​နေစဥ်မှာပင်မီးလောင်ကျွမ်းခဲ့သည်။

ဒေါက်တင်​နေ​သည့် သင်္ဘောမီး​လောင်ခြင်းဖြစ်သည်ဟု​အချို့ကပြောသလို ၊ဦးပိုင်လက်​​​အောက်ရှိကုမ္ပဏီ၏ဆီတင်သင်္ဘောမီး​လောင်ကျွမ်းခြင်းဖြစ်သည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။ မည်သည့် သင်္ဘောအမျိုး အစားနှင့်​မီးလောင်ကျွမ်း​သည့်အ​ကြောင်းအရင်းကိုမူ လူထု​နွေဦးက အတည်မပြုနိုင်​သေးပါ။

သင်္ဘောမှာမနက် ၁၀နာရီခွဲမှ စတင်ပြီးလောင်ကျွမ်းခဲ့ပြီး ၁၁နာရီခန့်တွင်းမီးငြိမ်းသတ်နိုင်ခဲ့သည်ဟုစစ်ကောင်စီ၏ပြည်ထဲ​ရေးဝန်ကြီးဌာနလက်​အောက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

မီးလောင်မှုကို ငြိမ်းသတ်ရန် ကြည့်မြင်တိုင်၊ စက်ဆန်း၊ ကမာရွတ်၊ဆိတ်ကြီးခနောင်တို့မှ မီးသတ်ကားများ ထွက်ခွာခဲ့ရသည်ဟုလည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီးလောင်ရသည့်အကြောင်းအရင်းနှင့် သင်္ဘောအမျိုးအစားကိုမူ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆန္ဒပြပြည်သူများက "တော်လှန်စိတ်ဓာတ်ကိုမီးရှို့ပြာချလို့မရ" ၊ "စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း" စသည့် ဘန်နာစာတန်းများ ကိုင်စွဲကာ "ငါတို့ဟာ ၅/ အညာဒေသရဲ့ ဖီးနှစ်ငှက်တွေပဲ" ဟု ကြွေးကြော်၍ သပိတ်မှောက်ခဲ့ကြသည်။

သတင်း

သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

သတင်း

"ဗုံးပေါက်ကွဲပြီး မီးတွေ တဟုန်းဟုန်းလောင်နေတာ။ ရုံးထဲကဟာတွေ( ဝန်ထမ်းများ) ထိ၊မထိတော့ မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အထက်ပါ စစ်ကောင်စီသင်္ဘောများတွင်စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်၊ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတစ်လျှောက် ပြည်သူ များက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။