Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ်အတွင်း ပြင်းထန်တိုက်ပွဲများက စိုးရိမ်ဖွယ်ဖြစ်ကြောင်း OCHA ထုတ်ပြန်

ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးကြရသည့် လူဦးရေမှာ လက်ရှိအချိန်အထိ ၂,၀၀၀ ကျော်ရှိပြီဖြစ်ပြီး တာမခံနှင့် ဟောင်ပါးကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း ၆ ခုတွင် အများဆုံးရောက်ရှိ နေကြောင်း သိရသည်။

(ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားပြည် သူများ စုပေါင်းပါဝင် သည့် ဖားကန့် မှော်လှည့်သပိတ်စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထောက်ခံရေးနှင့် စစ်အာဏာရှင်ကျဆုံးရေး သြဂုတ် ၁၃ရက် နံနက်ပိုင်း၌ ချီတက်ဆန္ဒပြစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)
(ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားပြည် သူများ စုပေါင်းပါဝင် သည့် ဖားကန့် မှော်လှည့်သပိတ်စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထောက်ခံရေးနှင့် စစ်အာဏာရှင်ကျဆုံးရေး သြဂုတ် ၁၃ရက် နံနက်ပိုင်း၌ ချီတက်ဆန္ဒပြစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)

နိုင်ငံတဝန်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ပြင်းထန်တိုက်ပွဲများက စိုးရိမ်ဖွယ်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ယနေ့ထုတ်ပြန်သည်။

ပြည်နယ်နှင့် တိုင်းအများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော ကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုများ ဖြစ်ပေါ်နေကြောင်း OCHA က ဖော် ပြသည်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ် သားထိခိုက်သေဆုံးမှုများရှိသကဲ့သို့ အနည်းဆုံးအိမ်ခြေ ၃၀၀ ခန့်မီးသင့်ခဲ့၍ အိမ်ထောင်စု ၅၀၀ ခန့်ထိခိုက်ခဲ့သည်ဟု OCHA က ထုတ်ပြန်သည်။

ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးကြရသည့် လူဦးရေမှာ လက်ရှိအချိန်အထိ ၂,၀၀၀ ကျော်ရှိပြီဖြစ်ပြီး တာမခံနှင့် ဟောင်ပါးကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း ၆ ခုတွင် အများဆုံးရောက်ရှိ နေကြောင်း သိရသည်။

“ဆယ်ဇင်းကျေးရွာ အတွင်းမှာ ပိတ်မိနေသူတွေလည်းရှိနေသေးတာကြောင့် အိုးအိမ်စွန့်ခွာရသူ အရေအတွက်ဟာ ဒီထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဖားကန့်မြို့နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးလာသူတွေကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် လိုအပ်တဲ့အကူအညီတွေ စတင်ပေးနေပြီဖြစ်သလို ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးနိုင်ရေး သေချာစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်”ဟု OCHA က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှု တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀၃,၀၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၂ သန်းကျော် (၁,၂၄၉,၆၀၀) နေရပ်စွန့်ခွါထွက်ပြေးနေရဆဲဖြစ်ကြောင်း ဩဂုတ် ၈ ရက်ထုတ် ကုလသမဂ္ဂ၏နောက်ဆုံးစာရင်း များ၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရသည်။

သတင်း

ယနေ့(သြဂုတ်၁၇ရက်) နံနက်ခင်းပိုင်းကလည်း စစ်ကိုင်းမြို့၊ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ အကြမ်းဖက်စစ်တပ်နှင့် Express ယာဥ်ပေါ်ပါ PDFအချို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုနှင့် ပြည်သူအချို့ပါ ထိခိုက်ခဲ့သည်။

သတင်း

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် လအတွင်းက ဟားခါး - ဖလမ်းအကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယခုလတွင် ဟားခါးထန်တလန်ကြား၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

သတင်း

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။