Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာ PDF ၂ ဦးနဲ့ ခရီးသည် ၂ ဦးသေဆုံး ပြီး ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဒီနေ့မနက်ပိုင်း က ရတနာပုံတံတားရဲ့စစ်ကိုင်းဘက်ခြမ်း လုံခြုံရေးဂိတ်အနီးပစ်ခတ်မှုမှာ စစ်တပ်က ကားကိုပစ်ခတ်တာ‌ကြောင့် ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၂ ဦး သေဆုံးခဲ့ရပါတယ်။

ခရီးသွားအမျိုးသား ၁ဦးနဲ့အမျိုးသမီး ၁ ဦးတို့ မှန်လုံယာဉ်ပေါ်မှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရတာပါ။

ဒီနေ့မနက် ၈ နာရီခွဲခန့်က ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်းမှာ ရန်ကုန် − မုံရွာပြေးဆွဲနေတဲ့ မှန်လုံယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ပြီး ကားပေါ်မှာ ပါလာတဲ့ PDF အဖွဲ့ဝင်အချို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြပါတယ်။

ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မှန်လုံယာဉ်ကို စစ်ကောင်စီတပ် အပြင်းအထန်ပစ်ခတ်ခဲ့တယ်လို့သိရပြီး ထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေအရ ယာဉ်ရဲ့ ဘေးဘက်ခြမ်း မှာ ကျည်ဆံရာတွေ ဒလပွဖြစ်နေတာကိုတွေ့ရပါတယ်။

ဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာ PDF ၂ ဦးနဲ့ ခရီးသည် ၂ ဦးသေဆုံး ပြီး ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

PDF တပ်ဖွဲ့ဝင် ၁ ဦးကိုလည်းအရှင်မိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ ခရီးသွား ၅ ဦးထဲမှာ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်တယ်လို့သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီး လက်နက်ခဲယမ်းတွေကိုမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါသေးတယ်။

အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေတယ်လို့သတင်းထွက်နေပေမယ့် စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်မှာမတွေ့ရပါဘူး။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ ဘက်ကတော့ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ကေအဲန်ယူက အတည်ပြုထားပါတယ်။

သတင်း

ပစ်ခတ်မှုဖြစ်စဉ်အပြီး ဖမ်းမိတဲ့လက်နက်ခဲယမ်းပုံတွေကိုလည်း စစ်ကောင်စီဘက်က သတင်းဖြန့်လာပါတယ်။

သတင်း

ပစ်ခတ်မှုအတွင်းထိ့ခိုက်ကျဆုံးမှုအ​ခြေအ​နေအ​သေးစိပ်ကို လူထု​နွေဦးကသီးခြားအတည်ပြုနိုင်​သေးခြင်းမရှိ​သေးပါ။

သတင်း

ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားကို ပိတ်ပစ်လိုက်ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်သွားလာခွင့်ပြုလိုက်ပါတယ်။