Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေရာအတော်များများရေကျသွားပေမယ့် သမိုင်းကလမ်းတွေမှာ ရေတင်နေဆဲ

“မနက်က ရုံးလာတာ ရှစ်မိုင်လမ်းဆုံမှာတင် နှစ်နာရီလောက်ကြာတယ်။” ဟု YBS-19 စီး၍ ရုံးသွားသည့်ခရီးသည်တစ်ဦးကပြောသည်။

နေရာအတော်များများရေကျသွားပေမယ့် သမိုင်းကလမ်းတွေမှာ ရေတင်နေဆဲ
နေရာအတော်များများရေကျသွားပေမယ့် သမိုင်းကလမ်းတွေမှာ ရေတင်နေဆဲ

ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်တော်တော်များများ၌ ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်။

ယနေ့နေ့လည်ပိုင်းတွင် မိုးဖွဲဖွဲသာရွာခဲ့သောကြောင့် နေရာတော်တော်များများ၌ ရေကျ‌သွားသော်လည်း မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းတစ်လျှောက်၌ ဘုရင့်နောင်လမ်းဆုံအထိ ရေများတင်ကျန်နေဆဲဖြစ်သည်။

ပလက်ဖောင်းပေါ်အထိ ရေများရှိနေသေးသောကြောင့် လမ်းသွားလမ်းလာများ အတွက် အခက်အခဲများရှိခဲ့သည်။

မနက်ပိုင်းကမူ ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများလည်းဆိုးဆိုးရွားရွာ ပိတ်ဆို့မှုကြုံခဲ့ရသည်။

“မနက်က ရုံးလာတာ ရှစ်မိုင်လမ်းဆုံမှာတင် နှစ်နာရီလောက်ကြာတယ်။” ဟု YBS-19 စီး၍ ရုံးသွားသည့်ခရီးသည်တစ်ဦးကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တောင်ဒဂုံ ၊ ရွှေပြည်သာ၊လှိုင်သာယာ ၊အင်းစိန် မြို့နယ်တွေအပြင် တာမွေ၊မင်္ဂလာတောင်ညွှန့်၊တောင်ဥက္ကလာပ မြို့နယ်တွေမှာပါ ရေကြီးရေလျှံနေပါတယ်။

သတင်း

"မီးက ခုနစ်လွှာ အပေါ်ဆုံးထပ် မီးလောင်တာပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာ လို့တော့ သိရတယ်။ အခန်းတစ်ခန်းလုံးနီးပါး မီးလောင်ကျွမ်းသွားပါတယ်။ အဲ့အိမ်က လူတွေတော့ မီးလွတ်တယ်လို့ သိရပါတယ် "ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတကာ

တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက သေဆုံးသူတွေထဲက ၃ ဦးဟာ ရေဝင်နေတဲ့ မြေအောက်ခန်း တစ်နေရာမှာ ပိတ်မိရင်း ရေနစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒဏ်ရာရသူ ၉ ဦးကို ကယ်ဆယ်ရေးတွေက ဆေးရုံ တင်ပို့ထားပြီး ၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

သတင်း

လက်ရှိတွင် ပျက်ဆီးဆုံးရှုံးမှု အနေအထားနှင့် တန်ဖိုးကိုမူ မီးသတ်ဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။