ကိုးတောင်ဘို့ရွာတွင် တိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ အင်ငုတ္တိုရွာနှင့် ပင့်သာကျေးရွာကို စစ်ကောင်စီက နှစ်ရက်ဆကမီးရှို့နေပြီး ဒေသတွင်း၌ စစ်ဘေးသင့်ပြည်သူတစ်သောင်းကျော်အထိ ရှိနေပြီဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။
ကန့်ဘလူမြို့နယ် မြောက်ပိုင်းမှ အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို ယမန်နေ့ နှင့် ယနေ့ (ဩဂုတ် ၁၇ ရက်) နှစ်ရက်ဆက်တိုက် မီးပတ်ရှို့နေကြောင်း ကန့်ဘလူအခြေစိုက် ပြည်သူ့တော်လှန်ရေးသတင်းများဖော်ပြပေးနေသော Infinity Group က သတင်းထုတ်ပြန်သည်။
အင်ငုတ္တိုရွာနှင့် ပင့်သာရွာ၏အခြေအနေအသေးစိတ်ကို ယနေ့ညနေအထိ တိတိပပ မသိရသေးကြောင်းလည်း ထပ်မံထုတ်ပြန်ထားပြီး “ကန့်ဘလူမြို့နယ်မြောက်ခြမ်းကို အာရုံစိုက်ပေးပါ”ဟု တောင်းဆိုထားသည်။
စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရသည်။
ထို့အပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲသည် ၄နာရီခန့် ကြာခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သည့်အရေအတွက်ကို မသိရသေးကြောင်း Kotaungbo People Defend Force က ထုတ်ပြန် ထားသည်။
လတ်တလောတွင် ကန့်ဘလူမြို့နယ် ချပ်ကြီးဒေသ နှင့် ပင့်သာဒေသတို့၌ ဒေသခံပြည်သူတစ် သောင်းကျော် စစ်ဘေးသင့်နေသည်။