Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၅ ရက်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ KNU ပြော

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ ဘက်ကတော့ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ကေအဲန်ယူက အတည်ပြုထားပါတယ်။

၁၅ ရက်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ KNU ပြော
၁၅ ရက်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ KNU ပြော

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ်(BGF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ တို့အကြား (၁၅ ရက်အတွင်းတိုက်ပွဲပေါင်း(၅၃)ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ဩဂုတ် (၁)ရက်ကနေ (၁၅)ရက်အတွင်းတိုက်ပွဲအရေအတွက်ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်(BGF)ဘက်က (၄၃)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ ဘက်ကတော့ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ကေအဲန်ယူက အတည်ပြုထားပါတယ်။

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)နဲ့ KNLA တပ်မဟာ (၅)တို့အကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာနဲ့ လယ်ယာဥယျာဉ်ခြံမြေတွေထဲကို တမင်ရည်ရွယ်ပြီး ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် စစ်ဘေးရှောင်ပြည်သူ(၁၀၀၀၀၀) နီးပါးအထိရှိလာပြီး လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဩဂုတ် ၁ရက်မှ ၁၅ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရသည်။

သတင်း

ဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာ PDF ၂ ဦးနဲ့ ခရီးသည် ၂ ဦးသေဆုံး ပြီး ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း

ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးကြရသည့် လူဦးရေမှာ လက်ရှိအချိန်အထိ ၂,၀၀၀ ကျော်ရှိပြီဖြစ်ပြီး တာမခံနှင့် ဟောင်ပါးကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း ၆ ခုတွင် အများဆုံးရောက်ရှိ နေကြောင်း သိရသည်။