Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းအား ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်

မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက်ကလည်း ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားသည်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းအား ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်
ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းအား ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းအား လက်နက်ကြီး၊လက်နက်ငယ်များအပြင် ဒရုန်းများပါဝင်သော စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ကြောင်း People’s Defence Force – Htilin က ထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၁၇ ရက်)ညနေ ၅နာရီခွဲခန့်ကစ၍ မင်းရွာရဲစခန်းကို ထီးလင်း PDF(YRPA) တပ်ဖွဲ့ ဝင်များနှင့်အတူ KKG တပ်ရင်း -၅ ၊ ဂန့်ဂေါတောင်ပိုင်း PDF၊ YDF တပ်ရင်း (၆၊၇၊၈၊၁၄)၊ ဂန့်ဂေါတောင်ပိုင်း(ပကဖ)နဂါးညီနောင်အဖွဲ့ (၁) တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး KKG အဖွဲ့မှ ဒရုန်း များဖြင့်လည်း အနီးကပ်သွားရောက်ပစ်ကူပေးခဲ့ရာ အချိန်တစ်နာရီခွဲ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ကျရှုံးမှုများ ရှိနိုင်သော်လည်း အတည်ပြု နိုင်ခြင်းမရှိသေးပေ။

“သွားတိုက်တာတော့ သိတယ်။လောလောဆယ်နောက်ဆက်တွဲ တိတိကျကျ ဘာမှမသိရသေးဘူး။မင်းရွာရဲစခန်းက ဂန့်ဂေါမြို့ပေါ်နဲ့ဆို ၁၅ မိုင် လောက်ပဲလှမ်းတယ်”ဟု ဂန့်ဂေါ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက်ကလည်း ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကနီမြို့နယ်အခြေစိုက် KLG PDFသည် ဒေသတွင်းရှိ ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည်။

သတင်း

People's Defence Force - South Monywa သည် ရန်ပုံငွေနှင့် ထောက်ပံ့ပစ္စည်းများလက်ခံရရှိပါက ဂုဏ်ပြုမှတ်တမ်းလွှာများကို Page တွင် တရားဝင် ဖေါ်ပြပေးနေသည်။

သတင်း

ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

သတင်း

ပစ်ခတ်မှုဖြစ်စဉ်အပြီး ဖမ်းမိတဲ့လက်နက်ခဲယမ်းပုံတွေကိုလည်း စစ်ကောင်စီဘက်က သတင်းဖြန့်လာပါတယ်။