Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်ရှိ ခမရ(၄၃၅)တပ် လုံခြုံရေးဂိတ်အား ဗုံးခွဲတိုက်ခိုက်

ထို့အပြင် ယနေ့ ညပိုင်း၌ ရန်ကုန်မြို့ သန်လျင်မြို့နယ် ထမလုံကျေးရွာအုပ်ချုပ်ရေးရုံးကို Soul Takers (Yangon Underground Force) မြို့ပြပြောက်ကျားတပ်ဖွဲ့က ချိန်ကိုက်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

(ခမရ -၄၃၅ တပ်ရှေ့အား တွေ့ရစဥ် ၊ပုံအဟောင်းအသုံးပြုထားသည်)
(ခမရ -၄၃၅ တပ်ရှေ့အား တွေ့ရစဥ် ၊ပုံအဟောင်းအသုံးပြုထားသည်)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီ​၏ ခြေမြန်တပ်ရင်း(၄၃၅) တပ်ရှေ့ရှိ လုံခြုံရေးဂိတ် ဘန်ကာအား ယနေ့ (သြဂုတ် ၁၇) ညပိုင်း၌ ဗုံးခွဲတိုက် ခိုက်ခဲ့ကြောင်း Divine Ranger Force (DRF)က ထုတ်ပြန်သည်။

ယနေ့ည ၇နာရီ၂၀မိနစ်အချိန်တွင် မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာမြို့နယ်အစပ်ကြား သံသုမာလမ်းနှင့် ဂန္ဓမာလမ်းထောင့် (၄၃၅)တပ် ဂိတ်ရှေ့ရှိ ဘန်ကာအား DRFအဖွဲ့နှင့် United Resistance Force (URF) တို့ ပူးပေါင်း၍ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

” DRF နဲ့ URF တို့ ပူးပေါင်းကာ (၄၃၅) တပ် ဂိတ်ရှေ့ရှိ ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်သားတွေ ထိခိုက်မှု အ​ခြေအနေအတိအကျမသိရသေးပေမယ့် ရဲဘော်များအနေနဲ့ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ် “ဟု DRF အဖွဲ့က ဆိုသည်။

ထို့အပြင် ယနေ့ ညပိုင်း၌ ရန်ကုန်မြို့ သန်လျင်မြို့နယ် ထမလုံကျေးရွာအုပ်ချုပ်ရေးရုံးကို Soul Takers (Yangon Underground Force) မြို့ပြပြောက်ကျားတပ်ဖွဲ့က ချိန်ကိုက်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တောင်ဒဂုံ ၊ ရွှေပြည်သာ၊လှိုင်သာယာ ၊အင်းစိန် မြို့နယ်တွေအပြင် တာမွေ၊မင်္ဂလာတောင်ညွှန့်၊တောင်ဥက္ကလာပ မြို့နယ်တွေမှာပါ ရေကြီးရေလျှံနေပါတယ်။

သတင်း

ယခုဖြစ်ရပ်မျိုးမတိုင်မီကပင် စစ်ကောင်စီသည် ၎င်း၏အဆွယ်အပွားများအဖြစ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့များကို လူသိရှင်ကြားခွင့်ပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

သတင်း

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သတင်း

ရဲ​ဘော်စွန်ရဲ(ခ)ရဲဘော်ကောင်လေး ကျဆုံးချိန်တွင် ၎င်း၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ခုနစ်လဖြင့် ကျန်ရစ်ခဲ့ကြောင်း FLA ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။