Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုန်းသာတိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးခန့်သေဆုံးနိုင်ကြောင်းဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ထုတ်ပြန်

ယမန်နေ့(သြဂုတ် ၁၇ ရက်)ညနေ ၄ နာရီခွဲခန့်ကစ၍ ည ၆ နာရီ အထိ ၂နာရီကြာ တိုက်ပွဲကိုKRUနှင့် မဟာမိတ် DMO PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ - KRU

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ခြောက်ဦးခန့်သေဆုံးနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က ယနေ့ (သြဂုတ် ၁၈ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၇ ရက်)ညနေ ၄ နာရီခွဲခန့်ကစ၍ ည ၆ နာရီ အထိ ၂နာရီကြာ တိုက်ပွဲကိုKRUနှင့် မဟာမိတ် DMO PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

အထိနာခဲ့သော စစ်ကောင်စီတပ်သည် ညနေ ၅ နာရီခွဲခန့်က ပြည်သူ့နေအိမ် တစ်လုံးမီးရိူ့ခဲ့ပြီး လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ ၊စက်လက်နက်များဖြင့် မနားတမ်းပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲတွင် KRU မှ ရဲဘော်တစ်ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင့်ခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

ပူးပေါင်းအဖွဲ့မှ 81MM စသည့် လက်နက်ကြီးတို့ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲကို ပြန်လည် ခုခံနိုင်ခဲ့ကြောင်း KRUက ဆိုသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU အနေဖြင့် လက်ရှိတိုက်ပွဲ များနောက်မဆုတ်စတမ်းခုခံ တိုက်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

“သူတို့(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင်အား ၄၀၀ လောက်နဲ့ ဒီးမော့ဆိုကို ထိန်းချုပ်ဖို့ကြိုးစားနေတာ။နောက်တစ်ခု အရင်လို အထိုင်တပ်တွေက နေ လက်နက်ကြီးပစ်ကူ အပြင် ကို အခု အတွဲလိုက်ဒုံးတွေနဲ့ပါ တပ်ကူ ပေးနေတယ်။ကျွန်တော်တို့ဘက်ကတော့ အတက်နိုင်ဆုံး ခုခံနေတယ်။တိုက်ပွဲကလည်း ဒီထက် ပိုပြင်းထန်လာဖို့ရှိတယ်”ဟု DMO PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး ၎င်းတို့ ခြေကုပ်ယူ ထားသော ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေး ဆူလဲကျေးရွာ တို့အပြင် စံပြ (၆)မိုင် အနီးတစ် ဝိုက်တွင်ထိတွေ့မှုများ မကြာခဏဖြစ်ပွားနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ရဟတ်ယာဉ် ပေါ်မှ စက်သေနတ် များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်သို့ ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်း တို့ကြောင့် ရင်ပေါင်တိုင် ကျေးရွာ ဒေသခံ ၃၀ခန့် သေဆုံးနိုင်ကြောင်း ရင်ပေါင်တိုင် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ရှိနေဆဲဖြစ်၍ ဝင်ရောက်မီးငြှိမ်း သတ်နိုင်ခြင်းမရှိဘဲ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

"မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်"ဟု မြိတ်(ပကဖ)က ဆိုသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်ပြီး လေပွေမုန်တိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။