Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDFစခန်းမီးလာရှို့သည့် စစ်ကောင်စီတပ် မိုင်းထိ

ဖြစ်စဥ်နှင့်ပတ်သက်ပြီး လေပွေမုန်တိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ - လေပွေမုန် တိုင်း ဒီပဲယင်းနယ် PDF
ဓာတ်ပုံ - လေပွေမုန် တိုင်း ဒီပဲယင်းနယ် PDF

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ PDFစခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ မိုင်းကွဲပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း လေပွေမုန် တိုင်း ဒီပဲယင်းနယ် PDF က ထုတ်ပြန်သည်။

သြဂုတ် ၈ရက်က လေပွေမုန်တိုင်း ဒီပဲယင်းနယ် PDF၏ စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီးမီးရှို့ခဲ့ရာ PDFအဖွဲ့ထောင်ထားသည့် မိုင်းများမိကာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် လဲကျသွားကြောင်း လေပွေမုန်တိုင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“၁၅ကောင်နဲ့ တဲတစ်လုံးလဲရတာ တန်ပါတယ်”ဟု လေပွေမုန်တိုင်းအဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး လေပွေမုန်တိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သည် ဒီပဲယင်းနယ်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် နေပြီး ၎င်းတို့၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ့နေအိမ် ၁,၀၀၀ကျော် မီးလောင် ဆုံးရှုံးခဲ့ရကာ ပြည်သူထောင်ချီ အခက်အခဲတွေ့နေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ရဟတ်ယာဉ် ပေါ်မှ စက်သေနတ် များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်သို့ ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်း တို့ကြောင့် ရင်ပေါင်တိုင် ကျေးရွာ ဒေသခံ ၃၀ခန့် သေဆုံးနိုင်ကြောင်း ရင်ပေါင်တိုင် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ရှိနေဆဲဖြစ်၍ ဝင်ရောက်မီးငြှိမ်း သတ်နိုင်ခြင်းမရှိဘဲ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

"မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်"ဟု မြိတ်(ပကဖ)က ဆိုသည်။

သတင်း

ယမန်နေ့(သြဂုတ် ၁၇ ရက်)ညနေ ၄ နာရီခွဲခန့်ကစ၍ ည ၆ နာရီ အထိ ၂နာရီကြာ တိုက်ပွဲကိုKRUနှင့် မဟာမိတ် DMO PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။