Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ရှင်းလင်း

“မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်”ဟု မြိတ်(ပကဖ)က ဆိုသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ရှင်းလင်း
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ရှင်းလင်း

နန်းထိုက်အောင်စစ်ဆင်ရေး‘ အစိပ်အပိုင်းအဖြစ် မြိတ်မြို့မှ စစ်ကောင်စီခန့်ရာအိမ်မှူး အောင်သန်းဆိုသူကို ပစ်ခတ်သုတ်သင်ခဲ့ကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၈)ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၁၇ ရက်) ညနေ ၅ နာရီခွဲခန့်တွင် မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှုနှင့် ပျူစောထီးအဖွဲ့ဝင် အောင်သန်းဆိုသူအား မြိတ်(ပကဖ)နှင့် မြိတ်ခရိုင် PDF တပ်ရင်း (၂)တို့ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်”ဟု မြိတ်(ပကဖ)က ဆိုသည်။

အထက်ပါ ရာအိမ်မှူးအောင်သန်းသည် စစ်ကောင်စီက သင်တန်းပေးထားသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူနှင့် ဘေးလွတ်ရာ ရှောင်တိမ်းနေရသူများရှိနေပြီး ထိုသို့သော လုပ်ရပ်များဖြင့် စစ်ကောင်စီထောက်တိုင်အဖြစ် ရပ်တည်နေခြင်းအပေါ် အရေးယူသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

“သူက အုပ်ချုပ်ရေးမှူးရဲ့ တပည့်ပါ။ ရာအိမ်မှူးလည်းဖြစ်တယ်။ စကစမှ သင်တန်းပေးထားတဲ့ ပျူတစ်ကောင်လည်းဖြစ်တယ်။ သူ့ကြောင့်အပြစ်မရှိတဲ့ပြည်သူ ၊လူငယ်တွေလည်းစွပ်စွဲတိုင်ကြားချက်နဲ့ မတရားဖမ်းခံရတဲ့သူလည်းများပါတယ်”ဟု ၎င်းရဲဘော်က ဆက်ပြောသည်။

သြဂုတ် ၁၆ ရက်ကလည်း မြိတ်မြို့ပေါ် လက်နက်ကိုင်ပြီး ပတ်နေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို မြိတ်လေယာဥ်ကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါမြေကွက်နှင့် တိုက်ခန်းများကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အဆိုပြုတင်သွင်း၍ ဝယ်ယူနိုင်သည်ဟု စစ်ကောင်စီကဆိုသည်။

သတင်း

ယနေ့ (သြဂုတ်လ၁၈ရက်)နံနက် ၇ နာရီ ၂၄ မိနစ်ခန့်ကမုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင်စစ်တပ်က မိုင်းလာရှာခဲ့သည်။

သတင်း

ယနေ့(သြဂုတ် ၁၈ရက်) နံနက် ၇ နာရီ မိနစ်၅၀ ခန့်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပေါက်မြို့နယ် ချိုင်စောက်ရွာနှင့် ဝန်တင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်(ပ.က.ဖ)က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ရဟတ်ယာဉ် ပေါ်မှ စက်သေနတ် များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်သို့ ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်း တို့ကြောင့် ရင်ပေါင်တိုင် ကျေးရွာ ဒေသခံ ၃၀ခန့် သေဆုံးနိုင်ကြောင်း ရင်ပေါင်တိုင် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။