Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်မှု အုပ်ကြီးထိခိုက်ဒဏ်ရာရ

“အသီး ပစ်သွင်းပေးခဲ့တာပါ။ ဒဏ်ရာအနည်းငယ်ဘဲ ရသွားတာပါခင်ဗျာ။ ပေါင်မှာလို့ သိရပါတယ်”ဟု MDY-PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်မှု အုပ်ကြီးထိခိုက်ဒဏ်ရာရ
မန္တလေး ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်မှု အုပ်ကြီးထိခိုက်ဒဏ်ရာရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတစ်ဦးအိမ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဗုံးထိမှန်ဒဏ်ရာရသွားကြောင်း MDY-PDF က ယနေ့(သြဂုတ် ၁၈) ထုတ်ပြန်သည်။

ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင် အကွက် (၅၀၄)၊ သားတော်ရဘုရားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းညွန့်နေအိမ်အား သြဂုတ် ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အသီး ပစ်သွင်းပေးခဲ့တာပါ။ ဒဏ်ရာအနည်းငယ်ဘဲ ရသွားတာပါခင်ဗျာ။ ပေါင်မှာလို့ သိရပါတယ်”ဟု MDY-PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရဲဘော်များ၏လုံခြုံရေးအရ သတင်းထုတ်ပြန်ချက် များ နောက်ကျမှုနောက်ကျရခြင်းအပေါ် ပြည်သူများနား လည်ပေးစေလိုကြောင်းလည်း ဖော်ပြထားသည်။

MDY-PDF ပြောက်ကျားတပ်ဖွဲ့သည် မြို့ပေါ်မြေ အောက် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်သကဲ့သို့ မကွေးတိုင်း ရေစကြိုမြို့နယ်တွင်လည်း ဒေသကာကွယ် ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ တောကျီးကန်းစစ်ဆင်ရေးများတွင် ပူးပေါင်းတိုက်ပွဲဝင်လျှက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုကြောင့် ပျူများထဲမှ လေးဦးသေဆုံးနိုင်ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ မဟာမိတ်အဖွဲ့များ ထိခိုက်မှုမရှိကြောင်း PDF South Monywaက အသိပေးသည်။

သတင်း

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော် များသည် ဖမ်းဆီးခံရခြင်းဖြစ်နိုင်သလို ယနေ့နံနက် စစ်ကိုင်းတံတား၌ ဖြစ်သည့် ပစ်ခတ်မှုမှာလည်း ၎င်းတို့၏ အဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

သတင်း

အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

သတင်း

မနေ့က ညနေပိုင်းက အောင်ပင်လယ်ရပ်ကွက်၊နန်းတော်ဝင် တည်းခိုခန်းကို စစ်ကောင်စီကဝင်စစ်ပြီး လူငယ် ၄ ဦးကိုဖမ်းဆီးသွားတာပါ။