Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ခဲယမ်းများတင်လာသော စစ်သင်္ဘောအုပ်စု ကချင်ပြည်နယ်သို့ ဆန်တက်နေ

စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော ခြောက်စီးသည် ယနေ့(သြဂုတ် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်တွင် ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာခြင်းဖြစ်သည်။

(ကချင်ပြည်နယ်သို့ ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)
(ကချင်ပြည်နယ်သို့ ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)

စစ်ကောင်စီ၏ လက်နက်ခဲယမ်းများတင်လာသော သင်္ဘောအုပ်စု ကချင်ပြည်နယ်သို့ ဆက်လက် ဆန်တက်နေပြီး လေယာဥ်နှစ်စီးက လုံခြုံရေးယူပေး ထားကြောင်း ဒေသခံပြည်သူ့ ရဲဘော်များက ပြော သည်။

စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော ခြောက်စီးသည် ယနေ့(သြဂုတ် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်တွင် ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာခြင်းဖြစ်သည်။

စစ်သင်္ဘောများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် နိုင်ဖွယ်ရှိသောကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများ သတိဖြင့် နေထိုင်သွားလာကြရန် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကသာ (ပကဖ)က သတိပေးသည်။

“ကသာအထက် မိုးတားရွာနားရောက်နေပြီ။ ရန်သူဘက်က မြစ်ကမ်းတစ် လျှောက် ရမ်းသမ်းပြီး လက်နက်ကြီးရော၊ လက်နက်ငယ်တွေနဲ့ပါပစ် နေတယ်လို့လည်း ပြောတယ်။လေယာဥ်ကလည်း ရဟတ်ယာဥ်ရော၊ ဂျက်လေယာဥ်ပါ သုံး ထားတယ်”ဟု ကသာမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နေ့လည် ၂ နာရီခန့်တွင် ပြောသည်။

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ သြဂုတ် ၈ရက်တွင် စတင်ထွက်ခွာလာ​သော စစ်ကောင်စီသင်္ဘော (၆)စီးသည် သြဂုတ် ၁၁ရက် နေ့လည်တွင် ကသာမြို့နယ်ပိုင်နက်အတွင်းရောက်ရှိလာပြီး တိုက်ခိုက်ခံခဲ့ရသည်။တိုက်ခိုက်ခံရသည့် နေရာအနီးမှ သုံးဆယ်ပေး ကျေးရွာအတွင်း စစ်ကောင်စီ တပ်က ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထား သည်။

သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

အဆိုပါ သင်္ဘော (၆)စီးအားစစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းဖြင့် ဝန်းရံကာ ကချင်ပြည် နယ် ဗန်းမော်မြို့အထိတွဲခေါ်မည်ဟု သတင်းရရှိထား ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကသာ(ပကဖ)က ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက်...

သတင်း

စစ်ကောင်စီဘက်မှ ပြည်သူများအပေါ်လုပ်ဆောင်ခဲ့သော အကြမ်းဖက်မှုများအား အလှည့်ကြမနွဲ့စတမ်း အကြွေးပြန်ယူ လက်တုန့်ပြန်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏အပေါင်းအပါများအားလုံး -ျီးဝအောင်စားထားရန်ကြိုသတိပေးထားသည်။

သတင်း

ယမန်နေ့ ဩဂုတ် ၁၂ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်၏ ရိက္ခာပို့ရန် မြင်းများ သယ်ဆောင်လာသည့် ကားကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

သတင်း

သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။