Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံပိုင်မြေနှင့်အဆောက်အဦး ၂၇ခုကို စစ်ကောင်စီက ရောင်းမည်ဟု​ကြေညာ

အဆိုပါမြေကွက်နှင့် တိုက်ခန်းများကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အဆိုပြုတင်သွင်း၍ ဝယ်ယူနိုင်သည်ဟု စစ်ကောင်စီကဆိုသည်။

နိုင်ငံပိုင်မြေနှင့်အဆောက်အဦး ၂၇ခုကို စစ်ကောင်စီက ရောင်းမည်ဟု​ကြေညာ
နိုင်ငံပိုင်မြေနှင့်အဆောက်အဦး ၂၇ခုကို စစ်ကောင်စီက ရောင်းမည်ဟု​ကြေညာ

ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၅ ခုမှ နိုင်ငံပိုင်အဆောက်အဦးနှင့်မြေကွက် ၂၇ ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည်ဟုစစ်ကောင်စီက ယနေ့ထုတ်ပြန်သည်။

မြေကွက်များနှင့် အဆောက်အဦးများသည် ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်သည်ဟု စစ်ကောင်စီ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်စာရင်းတွင်​တွေ့ရသည်။

ထိုမြေကွက်များနှင့်အဆောက်အဦးများတွင် ပဲခူးတိုင်းမှ ၄ခု၊ မန္တလေးမှ ၆ခု၊ ရန်ကုန်တိုင်း ၅ခု ၊ ဧရာဝတီတိုင်း ၁ခုနှင့်ရှမ်းပြည်နယ်မှ ၁၁ခုပါဝင်သည်။

ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှ မြေကွက်များနှင့် မရမ်းကုန်းနှင့် ကျောက်တံတားမြို့နယ်ရှိတိုက်ခန်းများပါဝင်သည်။

အဆိုပါမြေကွက်နှင့် တိုက်ခန်းများကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အဆိုပြုတင်သွင်း၍ ဝယ်ယူနိုင်သည်ဟု စစ်ကောင်စီကဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီးစစ်အုပ်စုနှင့်နီးစပ်သူများသာ ထိုသို့သော တင်ဒါလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားပြီး ဈေးပြိုင်တင်ဒါစနစ်ဆိုမှာလည်း ဟန်ပြသာဖြစ်​ကြောင်း တင်ဒါလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။

တင်ဒါများတွင် စစ်တပ်နှင့်နီးစပ်သူများ ၊စစ်တပ်​ထောက်ခံသူများလုပ်​နေ​သော ကုမ္ပဏီနှင့်လုပ်ငန်းများသာလုပ်ကိုင်ခွင့်ရ​နေ​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

မေးမြန်းခန်း

"ချင်းဘက်ကရဲဘော်လေးတွေ၈ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်။ပြည်သူတွေရော။အဲဒီမှာကယ်ထုတ်ခဲ့တာအယောက်၃၀ကျော်ရှိတယ်" -​ ဒေသခံPDF​ခေါင်း​ဆောင်ဟိန္နက

သတင်း

ဒေသခံညီနောင်မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်းကာ ပုံသဏ္ဍာန်မျိုးစုံ၊တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

သတင်း

ယနေ့ (သြဂုတ်လ၁၈ရက်)နံနက် ၇ နာရီ ၂၄ မိနစ်ခန့်ကမုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင်စစ်တပ်က မိုင်းလာရှာခဲ့သည်။

သတင်း

ယနေ့(သြဂုတ် ၁၈ရက်) နံနက် ၇ နာရီ မိနစ်၅၀ ခန့်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပေါက်မြို့နယ် ချိုင်စောက်ရွာနှင့် ဝန်တင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်(ပ.က.ဖ)က အသိပေးသည်။