Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ် ဆိုလာလူးရွာအနီး စနိုက်ပါပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် လေးဦးသေ

ဒေသခံညီနောင်မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်းကာ ပုံသဏ္ဍာန်မျိုးစုံ၊တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဆိုလာလူးကျေးရွာအနီး စနိုက်ပါ ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၈ရက်) ထုတ်ပြန်သည်။

ဆိုလာလူးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့ ၊ KNDF Sinper အဖွဲ့ ၊ Loikaw PDF Sinperအဖွဲ့များမှ သြဂုတ် ၁၄ ရက်မှ ၁၆ ရက်အတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့ သည်ဟု ဆိုသည်။

(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

အဆိုပါသုံးရက်အတွင်း တိုက်ခိုက်မှုအရ သြဂုတ် ၁၄ ရက်တွင် စစ်ကောင်စီ ဘက်မှ စနိုက်ပါတစ် ဦးသေဆုံးခဲ့ပြီး သြဂုတ် ၁၆ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ပူးပေါင်း စနိုက်ပါအဖွဲ့များမှ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခဲ့ကြောင်း လည်း အသိပေးသည်။

Public Service Announcement
Public Service Announcement

ဒေသခံညီနောင်မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်းကာ ပုံသဏ္ဍာန်မျိုးစုံ၊တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

လက်ရှိ ကရင်နီဒေသအတွင်း၌ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေပြီး ယခုလ ဒုတိယပတ် အတွင်း ရှားတော၊ဘောလခဲ၊ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ် တို့တွင် တိုက်ပွဲအများစုဖြစ်ပွားခဲ့ကာ စစ် ကောင်စီတပ်သား ၁၉ ဦး ထက်မနည်းသေဆုံးပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

မေးမြန်းခန်း

"ချင်းဘက်ကရဲဘော်လေးတွေ၈ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်။ပြည်သူတွေရော။အဲဒီမှာကယ်ထုတ်ခဲ့တာအယောက်၃၀ကျော်ရှိတယ်" -​ ဒေသခံPDF​ခေါင်း​ဆောင်ဟိန္နက

နိုင်ငံတကာ

မျက်မြင်တွေကတော့ ပေါက်ကွဲမှုဟာ ဗလီ အတွင်းပိုင်းမှာ ဖြစ်ခဲ့တာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ ကနဦး စုံစမ်းမှုတွေအရ ဒီပေါက်ကွဲမှုဟာ အသေခံ ဗုံးခွဲသမား တစ်ယောက်ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ တာလီဘန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

အဆိုပါမြေကွက်နှင့် တိုက်ခန်းများကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အဆိုပြုတင်သွင်း၍ ဝယ်ယူနိုင်သည်ဟု စစ်ကောင်စီကဆိုသည်။

သတင်း

ယနေ့ (သြဂုတ်လ၁၈ရက်)နံနက် ၇ နာရီ ၂၄ မိနစ်ခန့်ကမုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင်စစ်တပ်က မိုင်းလာရှာခဲ့သည်။