Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာမှ ထွက်လာသော စစ်ကောင်စီတပ်ရေယာဥ်အုပ်စုကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်၊ သံခွန်နှင့် သဘော်ဝမ်းဗိုက်များ ထိခိုက်

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်ပြီး မြို့လှ KPDF တပ်ဖွဲ့များ အထိခိုက်မရှိဘဲ အသာစီးရယူနိုင်ခဲ့ကြောင်း အသိပေးသည်။

(စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်)
(စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကသာမြို့မှ ဗန်းမော်မြို့ဘက်သို့ မြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသော စစ်ကောင်စီတပ်ရေယာဥ်အုပ်စုကို လမ်းခုလတ်တစ်နေရာတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDFက ယနေ့(သြဂုတ် ၁၈)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောနှင့် သံခွန်များအား မြို့လှ KPDFတပ်ခွဲ ဗိုလ်မိုးကြိုးဦးဆောင်သောအဖွဲ့က Mytel – မမ ရှေ့ ထွက်မိုင်း (၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သံခွန်နှင့် သဘော်ကိုယ်ထည်များအား ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

“စကစဘက်မှ သင်္ဘောလုံခြုံရေးအတွက် ရဟတ် ယာဥ်တစ်စီးနှင့် ဂျက်တိုက်လေယာဥ်တစ်စီးတို့ အသုံးပြုခဲ့ပြီး ၎င်းတို့၏ ကမ်းစောင့်တပ်နှင့် စစ်သင်္ဘောများပေါ်မှ မြစ်ကမ်းတလျောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်ခဲ့သည်”ဟု မြို့လှ KPDF က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်ပြီး မြို့လှ KPDF တပ်ဖွဲ့များ အထိခိုက်မရှိဘဲ အသာစီးရယူနိုင်ခဲ့ကြောင်း အသိပေးသည်။

ကသာ၊ ရွှေကူနှင့် ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရေကြောင်းရုံး ဝန်ထမ်းများအနေဖြင့် ရာထူး၊ တာဝန်များမှ နုတ်ထွက်ပေးကြရန်နှင့် လိုက်နာခြင်းမရှိပါက မြို့လှ KPDF အနေဖြင့် တစုံတရာ အရေးယူမှုများ ပြုလုပ်ရန် စီစဥ်ထားကြောင်း ဝန်ထမ်းအမည်များနှင့်တကွ သတိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့(သြဂုတ် ၁၈ရက်) ည ၉နာရီနှင့် ၁၀နာရီကြားတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဩဂုတ် ၁၅ရက် နံနက်ပိုင်းတွင် ကော့ကရိတ်ရဲစခန်းအပါအဝင် နေရာအများအပြားကို ပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။