Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးနယ်တွင် ဆီသယ်ယာဉ်များဖြတ်သန်းခွင့် သြဂုတ်၂၅ရက်ကစ၍ ယာယီပိတ်မည်

ဆားလင်းကြီးမြို့နယ်သည် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ်သို့သွားမည့်ယာဥ်များဖြတ်သန်းရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်မှာပင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။​

ဆားလင်းကြီးနယ်
ဆားလင်းကြီးနယ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းများ၌ ဆီပီပါယာဉ်များနှင့် ဆီဘောက်ဆာယာဉ် များကို သြဂုတ်လ ၂၅ ရက်မှစ၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း ဆားလင်းကြီး ညီနောင်မဟာမိတ်တပ်ပေါင်းစုက ယနေ့(သြဂုတ် ၁၉ရက်)တွင် ထုတ်ပြန်ကြေညာသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းပိုင်းများတွင် အလှူငွေကောက်ခံမှု လွန်စွာများပြားနေပြီးတစ်မြို့နယ်လုံးစာ အခွန်ငွေကြေးအဖြစ် ဂိတ်တစ်ခုထား ကောက်ခံရန် သြဂုတ် ၈ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့သည်ဟု ညီနောင်မဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ထိုအစည်းအဝေးဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာရှိခဲ့ပြီး ထိုအခက်အခဲများကို လာရောက်ဖြေရှင်းပေးရန် မြို့နယ်တာဝန်ခံများထံ အကြောင်းကြားခဲ့သော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ညီနောင်မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

အလှူငွေကောက်ခံရေးဂိတ်များသာ ပိုမိုများပြားလာခဲ့၍ တစ်မြို့နယ်လုံး ဂိတ်တစ်ခုသာ ထားရှိရန်တောင်းဆိုခြင်းကို ဖြေရှင်းပေးမှုမရမခြင်း ၊သြဂုတ် ၂၅ ရက်မှစ၍ ဆားလင်းကြီးတစ်မြို့လုံး လမ်းပိတ်ထားမည်ဖြစ်ပါကြောင်း မဟာမိတ်ညီနောင်အဖွဲ့များက အနူးအညွတ်မေတ္တရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုကြေညာချက်အား ညီနောင်မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော Salingyi GZ Local PDF၊ Bother Defense Force (BDF)၊ One Star Task Force၊ ဆားလင်းကြီသမန်းကျားပြောက်ကျားတပ်ဖွဲ့၊ IC၊ Young People Force(Y. P. F)၊ တစ်ကိုယ်တော်သုဘရာဇာ၊ Salingyi Revolution Eagles(SRE)၊ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ်သည် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ်သို့သွားမည့်ယာဥ်များဖြတ်သန်းရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်မှာပင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။​

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တန့်ဆည်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေပြီး ယမန်နေ့က ကံပေါက်ရွာနှင့် ကိုးတောင်ဘို့ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီး သွားခဲ့သည်။

သတင်း

ယနေ့ နေ့လည် ၁၁ နာရီကစ၍ ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့် ယာဥ်မှ ဖြတ်သန်းသွား လာချင်းမပြုရန် သတိပေးသည်။

သတင်း

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။

သတင်း

ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း၊ သတိပေးချက်ကို လိုက်နာကြရန် Salin Gyi GZ Local Pdf၊ One Star Task Force၊ Young People Force စသည့် ညီနောင်မဟာမိတ်တပ်ပေါင်းစုများက သတိပေးသည်။